CTF နှင့် NUG ဝန်ကြီးဌာနများ ပူးပေါင်းပြီး ကမ္ဘာ့ကပ်ရောဂါ COVID-19 ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များစာအုပ် (Version 1.0) ထုတ်ဝေ

CTF နှင့် NUG ဝန်ကြီးဌာနများ ပူးပေါင်းပြီး ကမ္ဘာ့ကပ်ရောဂါ COVID-19 ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များစာအုပ် (Version 1.0) ထုတ်ဝေ
ဇန်နဝါရီ ၈၊ ၂၀၂၁

တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ COVID-19 Task Force (CTF)၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြုစုထားသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များစာအုပ် (Version 1.0) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့က ထုတ်ဝေခဲ့တယ်လို့ သိရှိရပါတယ်။

စာအုပ်မှာ ခေါင်းစဉ် (၂၁) ခု၊ စာမျက်နှာ စုစုပေါင်း (၈၇) မျက်နှာပါဝင်ပြီး ရောင်စုံနဲ့ အဖြူအမည်း စာအုပ်ပုံစံ (၂) မျိုးထုတ်ဝေထားတာတွေ့ရပါတယ်။

ပြည်သူတွေသိရှိလိုက်နာရမယ့် COVID-19 ရောဂါဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်အလက်တွေကို ပြည့်ပြည့်စုံစုံထည့်သွင်းပြုစုထားပြီး စာအုပ် PDF File ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Website စာမျက်နှာ (https://moh.nugmyanmar.org/covid-19-booklet-version-1/) မှာ အခမဲ့ Download ရယူနိုင်မှာဖြစ်ပါတယ်။

စာအုပ်မှာ အောက်ပါခေါင်းစဉ်တွေ ပါဝင်ပြီး COVID-19 နဲ့ပတ်သက်လို့ ပြည်သူတွေ လေ့လာဖတ်ရှုလိုက်နာပါက COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် များစွာအကျိုးရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

၁။ COVID-19 ရောဂါဆိုတာဘာလဲ?
၂။ COVID-19 ရောဂါ ဘယ်လိုကူးစက်တတ်သလဲ?
၃။ COVID-19 ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ?
၄။ COVID-19 မကူးစက်အောင် ဘယ်လိုကာကွယ်နိုင်သလဲ?
၅။ မိမိနေအိမ်မှာ COVID-19 သံသယလူနာရှိရင် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုစောင့်ရှောက်ရမလဲ?
၆။ COVID-19 ရောဂါနှင့် ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်
၇။ COVID-19 ရောဂါနှင့် အာဟာရ
၈။ COVID-19 ရောဂါနှင့် စိတ်ကျန်းမာရေး
၉။ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ရောဂါအခံရှိတဲ့သူအနေနဲ့ ဘယ်လိုနေထိုင်ရမလဲ?
၁၀။ မိမိအိမ်မှာ COVID-19 သံသယလူနာရှိရင် နေအိမ်ကို ဘယ်လိုပိုးသန့်စင်ရမလဲ?
၁၁။ COVID-19 နှင့် ဆယ်ကျော်သက်လူငယ်များအပေါ် သက်ရောက်မှု
၁၂။ COVID-19 လူနာအနေနဲ့ အောက်စီဂျင်ဘယ်လိုရှူရမလဲ?
၁၃။ အရေးပေါ်အောက်စီဂျင်ရရှိနိုင်တဲ့ နေရာတွေကို သိပါရစေ?
၁၄။ COVID-19 ဖြစ်ပြီး ပြန်သက်သာလာတဲ့ လူနာအနေနဲ့ ဘယ်လိုနေထိုင်ရမလဲ?
၁၅။ COVID-19 ရောဂါနှင့် ကာကွယ်ဆေး
၁၆။ COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားတွေက ဘာတွေလဲ?
၁၇။ COVID-19 ရောဂါသံသယဖြင့် သေဆုံးသူများကို ဘယ်လို ကိုင်တွယ်ထိန်းသိမ်းရမလဲ?
၁၈။ COVID-19 ရောဂါကို အွန်လိုင်းမှတစ်ဆင့် ကုသနိုင်သော နေရာများ
၁၉။ COVID-19 ရောဂါဆိုင်ရာ မှန်ကန်သော ဗဟုသုတများ မေးမြန်းရန်
၂၀။ လုပ်ငန်းခွင်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း
၂၁။ COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron variant) ၏ လက်ရှိ အခြေအနေ (As of 29.12.2011)

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.