CRPH/NUG Support Group (South Australia) မှ Hope & Freedom Global Online အမည်ဖြင့် Online Concert တစ်ခုပြုလုပ်ရန် စီစဉ်နေ

CRPH/NUG Support Group (South Australia) မှ Hope & Freedom Global Online အမည်ဖြင့် Online Concert တစ်ခုပြုလုပ်ရန် စီစဉ်နေ

ဇန်နဝါရီ ၁၃၊ ၂၀၂၂

လာမည့် ဇန်နဝါရီလ ၁၅ရက် (စနေနေ့) မြန်မာစံတော်ချိန် မနက် ၉နာရီခွဲတွင် သြစတြေးလျရောက် တိုင်းရင်းသားအဆိုတော်အများအပြားပါဝင်သော ရန်ပုံငွေဂီတပွဲ တစ်ခုတင်ဆက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို Concert တွင်ပါဝင်သော အဆိုတော်များမှာ ခရစ်စတိုဖာ၊ ဗန်သော့ဂျင်၊ အော်စကာ၊ နီတာ၊ စနေကျော်၊ မြင့်ဝေ တို့အပါအဝင် သြစတြေးလျရောက်တိုင်းရင်းသားအဆိုတော်များနှင့် သြစတြေးလျလူငယ်အသင်း၊ ချင်းအဖွဲ့၊ ဆစ်ဒနီမြို့မှ Believers Band တို့ ပါဝင်သီဆိုဖျော်ဖြေသွားကြမည်ဖြစ်သည်။ ထို ရန်ပုံငွေပွဲမှ ရရှိသော အလှူငွေများအပေါ်မူတည်၍ လူသားချင်းစာနာထောက်ထားသော လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံး(သြစတြေးလျ နိုင်ငံ) အစရှိသည့်အဖွဲ့အစည်းများကို လှူဒါန်းသွားမည်ဟု သိရသည်။

ဖျော်ဖြေပွဲကို အွန်လိုင်းမှ တဆင့် တင်ဆက်ပေးမည်ဖြစ်ပြီး လက်မှတ်စျေးနှုန်းများမှာ တစ်ဦးလျှင် $10 နှင့် မိသားစုတစ်စုလျှင် $20 သတ်မှတ်ထားကာ လက်မှတ်များအား QR ကုဒ်ကို စကင်န်ဖတ်ခြင်း သို့မဟုတ် ဤလင့်ခ်tinyurl.com/HopenFreedomConcert ကို နှိပ်ခြင်း သို့မဟုတ် ကိုတေဇာမြင့် +61498819183 [email protected] အား တိုက်ရိုက်ဆက်သွယ်၍ ဝယ်ယူအားပေးနိုင်ကြောင်းသိရသည်။

#SpringRevolution
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.