CRPH ၊ NUCC နဲ့ NUG တို့ကို ဥရောပပါလီမန်က မြန်မာပြည်သူတွေရဲ့ ကိုယ်စားပြုအဖြစ် အသိအမှတ်ပြု ထောက်ခံ
မတ် ၁၁၊ ၂၀၂၂
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို ဥရောပပါလီမန်က မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် အသိအမှတ်ပြု ဖို့ ထောက်ခံခဲ့ပါတယ်။
ဥရောပပါလီမန်ရဲ့ မနေ့က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ အခုလို အသိအမှတ်ပြုမှုကို ဖော်ပြခဲ့တာဖြစ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားခဲ့တာပါ။
“ဥရောပပါလီမန်ကနေ မတ်လ (၁၀) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ NUG CRPH နဲ့ NUCC တို့ကို မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ်အသိအမှတ်ပြုဖို့ ထောက်ခံခဲ့ပါတယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဥရောပပါလီမန်ရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းထန်စွာ ရှုတ်ချထားတာတွေ့ရပြီး ၂၀၂၀ ရွေး ကောက် ပွဲရလဒ်ကို လေးစားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေဖို့နဲ့ အရပ်သားအစိုးရ ပြန်လည်ပေါ်ထွန်းလာအောင်လုပ်ဆောင်ဖို့အတွက် တောင်းဆိုထားတာလည်းတွေ့ရပါတယ်။
“ဥရောပလွှတ်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ NUCCကို အသိအမှတ်ပြုဖို့အွက် ထောက်ခံလာတာ ထူးခြား ချက်ပါဘဲ။ မြန်မာနိုင်ငံအပေါ် အီးယူရဲ့ အရေးယူဆောင်ရွက်ချက်တွေအားကောင်းဖို့ အစဥ်တစိုက်ကြိုးပမ်းနေတဲ့ ဥရောပလွှတ်တော်အမတ်များကို ကျေးဇူးတင်ပါတယ်။” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဥရောပ ပါလီမန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဗဟိုဘဏ်ပါအဝင် အခြားသော လုပ် ငန်းတွေကိုပါ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ ဖော်ပြထားသလို ရိုဟင်ဂျာနဲ့ ခရစ်ယာန်တွေအပါအဝင် လူမျိုးနဲ့ ဘာသာရေးအုပ်စုတွေအပေါ် အကြမ်း ဖက် စစ်ကောင်စီကကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အဓိကထားဖော်ပြထားတာလည်း တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။