CRPH အလုပ်သမားရေးရာကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံ

CRPH အလုပ်သမားရေးရာကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံ
◾️ကော်မတီနဲ့ ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေး
အောက်တိုဘာ ၆ ၊ ၂၀၂၂

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) အလုပ်သမားရေးရာကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ် သမားဝန်ကြီးဌာနတို့အကြားတွေ့ဆုံမှုကို အောက်တိုဘာ ၄ ရက် မွန်းလွဲ ၃ နာရီအချိန်မှာ ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် ပြုလုပ်ခဲ့ ကြပါတယ်။

အစည်းအဝေးမှာ CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ အလုပ်သမားရေးဆိုင်ရာ မူဝါဒတွေနဲ့ လက်ရှိ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် CRPH ကော်မတီဝင်တွေနဲ့ ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်နိုင်မယ် အလုပ်သမားရေးရာ ကဏ္ဍတွေနဲ့ စပ်လျဉ်းပြီး အပြန်အလှန် ဆွေးနွေးမေးမြန်း အကြံပြုတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ၊ အလုပ်သမား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဒုတိယအတွင်းဝန်နဲ့ ညွှန်ကြားရေးမှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.