CRPH က အမျိုးသားညီညွတ်ရေးအစိုးရအတွက် ဒုတိယဝန်ကြီးများခန့်အပ်
====================
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက်၊ ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ကြေညာချက်အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ၊ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ဝန်ကြီးဌာနအသီးသီးတွင် ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။ ၎င်းတို့မှာ
(၁) ဦးမိုးဇော်ဦး – ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ခူထဲဘူး – ဒုတိယဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၃) ဒေါ်ခင်မမမျိုး – ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
(၄) နိုင်ကောင်းရွက်(MSICC) – ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
(၅) ဦးချစ်ထွန်း – ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(၆) မိုင်းဝင်းထူး – ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(၇) မင်းဇေယျာဦး – ဒုတိယဝန်ကြီး၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန
(၈) နော်ထူးဖော – ဒုတိယဝန်ကြီး၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
(၉) ဂျာထွယ်ပန် – ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
(၁၀) ဒေါက်တာရွှေပုံ – ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
(၁၁) ခွန်းဘီထူး – ဒုတိယဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၁၂) ဒေါ်အိသဉ္ဇာမောင် – ဒုတိယဝန်ကြီး၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Like – 20K Share – 1808