CRPH က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအတွက် အသစ်ခန့်အပ်လိုက်သော ဝန်ကြီးနှင့် ဒု…

CRPH က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအတွက် အသစ်ခန့်အပ်လိုက်သော ဝန်ကြီးနှင့် ဒုဝန်ကြီးများ ကျမ်းသစ္စာကျန်ဆိုခြင်း အခမ်းအနားကို ယနေ့ မေလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်?
#SpringRevolution
#PVTV

Like – 7.6K Share – 526

Public Voice Television Facebook

Add your reaction

  1. ပြည်သူတွေ အတွက် လွတ်မြောက်နယ်မြေဆိုတာတကယ်မရှိဘူး

  2. NUG ကိုအပြည့်အဝ ယုံကြည် ထောက်ခံပါတယ်။ ကျေးဇူးတင်ပါတယ် ။

  3. CRPH နှင့်​ NUG အစိုးရကို အပြည့်​ဝ​ထောက်​ခံပါတယ်​ အ​ရေး​တော်​ပုံ ​အောင်​ရမည်

  4. အခုအပင်စိုက် အခုအသီးစားလို့မရဘူး
    ဒါကို သိစေချင်တယ်
    ကျုပ်တို့သေသွားရင် မြန်မာကတော့ကျန်နေအုံးမှာပါပဲ
    ကျုပ်တို့လွန်ဆန်ကြပါတယ် ကျုပ်တို့ဖီဆန်ကြတယ်
    အာဏာရှင်တွေကိုမုန်းလွန်းလို့

    ကျုပ်တို့လိုလားနေတဲ့ ပြည်ထောင်စုကြီးထံသို့ ကျုပ်တို့ရဲ့ရင်ထဲကဖြစ်တဲ့အစိုးရ က အခုသွားနေတယ်

    ကျုပ်တို့ သေဆုံးသွားမယ် ကျုပ်တို့ရဲ့အနာဂတ်မျိုးဆက်ကျန်နေမယ် ကျုပ်တို့ရဲ့ မြန်မာကျန်နေမယ်

    မျက်တောင်မွှေးလောက်ပဲ ကြည့်မနေစေချင်ဘူး
    ကျုပ်တို့ရင်ကဖြစ်တဲ့အစိုးရကို ဖိအားမပေးကြပါနဲ့
    ခဏလေးပြောင်းလို့ရတဲ့အရာတွေကကြာရှည်မခံဘူး
    အနာဂတ်ကိုပဲ အတ္တမပါပဲကြည့်စေချင်တယ်

    ပြိုင်တူ လှော်စေချင်မိတာပါ💪

  5. #ဝန်ကြီးဒုဝန်ကြီးများအားလုံးကိုကြိုဆိုပါတယ်ခင်ဗျာ
    #အရေးတော်ပုံအောင်ရမည်

  6. အားလုံးကိုကျေးဇူးတင်တယ်
    အပြည့်အဝထောက်ခံပါတယ်

  7. မန်းလေးမှာ ၃၈လမ်း သံဆူးကြိုးတွေ ပြန်ဖြုတ်နေပြီ

    ကျုံးဘေးလမ်းတွေ ပြန်ဖွင့်နေပြီ

    ရန်ကုန်မှာ ည၈ မနက်၆အစား ည၁၀ မနက်၄ ပြန်လျှော့နေပြီ

    စေတနာရှိလို့ မဟုတ်ဘူးနော်

    မအလ အကြံပေးထဲမှာ လူတွေက ချစ်နိုင်နဲ့ ခင်ညွန့်ပဲ သတိထားနေကြတာ
    စာရေးဆရာ သင့်လူလို ကောင်မျိုးတွေလည်းပါတယ်

    စာရေးဆရာဆိုတဲ့လူတွေက လူတွေရဲ့ အာရုံကို ဘယ်လို နှူးရမလဲ ပျော့အောင်ဘယ်လို ဆွဲဆောင်ရမလဲ ကောင်းကောင်းသိတယ်

    မကြာခင် ပုံမှန်အခြေအနေ ပြန်ရောက်သွားပါပြီ ဆိုတာမျိုးလာလိမ့်မယ်

    သတ်ပြပြီးပြီ ဖမ်းပြပြီးပြီ ကြောက်အောင် ခြောက်ပြပြီးပြီ

    ခု လမ်းပေါ်မှာ အေးအေးချမ်းချမ်း သွားလာလှုပ်ရှား ရောင်းဝယ်နေကြတယ်ဆိုတဲ့ဘက်ကို တဖြေးဖြေးသွားပြနေပြီ

    နောက်ဆို လူတွေက ဆန္ဒပြတဲ့သူ သံပုံးတီးတဲ့သူတွေကို ငြိုငြင်လာလိမ့်မယ်

    ရပ်ကွတ်ထဲဆန္ဒလာပြရင် စစ်သားတွေရောက်လာလိမ့်မယ် သေနတ်နဲ့ပစ်လိမ့်မယ်
    ကိုယ့်ဘာသာ အေးအေးဆေးဆေးဈေးရောင်းမရအောင် လာလုပ်နေကြတယ်
    ဆန္ဒမပြရင် ဘာမှမဖြစ်ဘူးဆိုတဲ့ အတွေးတွေ အပြောတွေဖြစ်လာကြလိမ့်မယ်

    မြန်မာလူမျိုးဆိုတာမျိုးက မေ့လွယ် ပျောက်လွယ် ဘာသိဘာသာ အငြိုးမထားတက် စိတ်မနာတက် တဲ့လူများတယ်ဆိုတာ သူတို့ ကောင်းကောင်းသိတယ်

    အသတ်ခံရတဲ့လူ၇၀၀ကျော် အဖမ်းခံရတဲ့ လူ၃၀၀၀ကျော်က အပြစ်ရှိလို့ဆူပူလို့ အေးအေးဆေးဆေးမနေလို့ အဖမ်းခံရတာ အသတ်ခံရတာ မဟုတ်ဘူးနော်

    အသတ်ခံရတဲ့အထဲမှာ အပြစ်မဲ့တဲ့ ကလေးတွေ ကျောင်းသားတွေ ဆရာမတွေ လူတန်းစားစုံပါတယ်

    တောင်းပန်ပါတယ် သွေးမအေးကြပါနဲ့
    တိက်ပွဲမပြီးသေးပါဘူး
    လူတိုင်း အေးအေးချမ်းချမ်း ထမင်းယပ်ခတ်စားပြီးနေချင်ပါတယ်
    မမေ့ပါနဲ့ ကျွန်တော်တို့ပြည်သူတွေ မိစ္ဆာလက်ထဲမှာပဲ ရှိသေးတယ်

    #katp

  8. ယုံကြည်မှု အပြည့်နဲ့ NUG ကို ထောက်ခံပါတယ် အမြန်ဆုံး ဆောင်ရွက်နှိုင်ပါစေ

  9. အစကတည်းကရိုးသားမှု့နဲ့ခိုင်မာပြီးသားတစ်ယောက်ချင်းစီမှာရှီတဲ့အရည်အချင်းတွေကပြည့်ဝတယ်ယုံကြည်တယ်ရထားကြီးဆက်သွားနိုင်မဲ့ခရီးကပြည်သူနဲ့အတူဖက်ထရယ်armyနဲ့ဖက်ထရယ်ပညာရေးဖက်ထရယ်ကျန်းမာရေးလူသားချင်းစာနာထောက်ထားမှု့တွေလူ့အခွင့်အရေးတွေနဲ့ကျမတို့လိုအပ်တောင့်တနေတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီး

  10. ကြိုးစားပေးကြပါ အားပေး ဂုဏ်ယူပါသည်

  11. သဘာပတိဦးအောင်ကြည်ညွန့်နှင့်CRPH အဖွဲ့ဝင်များကိုအထူးကျေးဇူးတင်ပါတယ်
    ှင့်
    Congratulations ပါ
    ပြည်ထောင်စုဝန်ကြီးအသစ်များနှင့်ဒုဝန်ကြီးများရှင့်
    မြန်မာနိုင်ငံကိုအကြမ်းဖက်စကစလက်အောက်မှလွတ်မြောက်ဘို့အတွက်ကြီးမားတဲ့တာဝန်များထမ်းဆောင်ပေးသည့်အတွက်အထူးကျေးဇူးတင်ပါတယ်ရှင့်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.