CNDF ပါဝင်တဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော်သေ

CNDF ပါဝင်တဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော်သေ

မတ် ၅၊ ၂၀၂၂

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) လက်အောက်ခံတပ်ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ပါဝင်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တိုက်ပွဲ ၅ကြိမ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး သေဆုံးပြီး ၅၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ CNOက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၈ရက် နေအထိ ဖြစ်ပွားခဲ့တဲ့ CNDF ပါဝင်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို ထုတ်ပြန်ခဲ့တာပါ။

တိုက်ပွဲဖြစ်ခဲ့တာက ကလေးမြို့နယ် တစ်နေရာ၊ ပါရ်သဲကျေးရွာ၊ ထင်းရှူးစခန်း၊ လုံးရန်ရပ်ကွက်နဲ့ တားရွာကြား တို့မှာဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်းမှာ CNDF တပ်ဖွဲ့ဝင် ၁ဦး ကျဆုံးခဲ့သလို မိုင်းထောင်စဉ် မတော်တဆ ပေါက်ခွဲလို့ ၁ဦး ကျဆုံးခဲ့တာကြောင့် စုစုပေါင်း ၂ဦးကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဖလမ်းမြို့နယ်မှာ CNDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့ရာမှာ စစ်ကောင်စီတပ်က ၈၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

CNDF အနေနဲ့ အခု မတ်လဆန်းမှာလည်း မဟာမိတ်တပ်တွေနဲ့ ပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.