CLICK2DONATE က တပတ်အတွင်း ကျပ်သိန်း ရှစ်ထောင် ရရှိရေး ရည်မှန်းထားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံအပြင် နိုင်ငံတကာ ငွေလွှဲတွေနဲ့ပါ လက်ခံနိုင်ဖို့ ဆောင်ရွက်နေ
ဇန်နဝါရီ ၆ ၊ ၂၀၂၂
ပရောဂျက် တခုကို ထိရောက်စွာ လှူဒါန်းနိုင်ရေးအတွက် CLICK2DONATE က တပတ်အတွင်း ကျပ်သိန်းရှစ်ထောင် ရရှိရေး ရည်မှန်းထားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံအပြင် နိုင်ငံတကာငွေလွှဲတွေနဲ့ပါ လက်ခံနိုင်ဖို့အထိ ဆောင်ရွက်ထားတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
CLICK2DONATE အနေနဲ့ ယခင်က ပေ့ချ်မှာ လုံးဝအလှူမခံခဲ့ပေမယ့်လည်း အဖွဲ့နှစ်ဖွဲ့လောက်ဆီကို ထိရောက်စွာနဲ့ ပံ့ပိုးနိုင် ဖို့အရေး People Of Evolving Myanmar,We LOVE MOTHERLAND (KOREA) အဖွဲ့တွေနဲပါပူးပေါင်းပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံအပြင် နိုင်ငံတကာငွေလွှဲတွေနဲ့လက်ခံပြီးတော့ အားဖြည့်ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန် ထားတာပါ။
“ဒီပရောဂျက်ကနေ ရရှိလာမယ့် result ဟာ အရင်းအတိုင်းဆို တိုရှည်ရာကြီးပိုင်း ရရှိမှာဖြစ်ပြီး အမြတ်ထွက်ရင်တော့ တိုရှည်ပူရီ အပြင် မုန့်ဟင်းခါးပွဲ ရာနဲ့ချီပြီးရရှိမယ့်အပြင် တော်လှန်ရေးရဲ့ ကောင်းသောဖြစ်စဉ်တစ်ခုအဖြစ် ပါဝင်သွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။မစ်ရှင်တွေက လျှိဝှက်ချက်မို့ အသေးစိတ်မထုတ်ပြန်ပေးနိုင်သေးပေမယ့် ရလာဒ်တွေ ထွက်ရှိလာတာနဲ့ အားလုံးကျေနပ်စေရမယ်လို ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ နေ့ရက်တွေကို တိုင်တည်ပြီး အာမခံပါတယ်။” လို့ CLICK2DONATE က အာမခံစကားဆိုထားတာလည်း တွေ့ရပါတယ်။
ဇန်နဝါရီ ၃ ရက်နေ ဇန်နဝါရီ ၁၀ အထိ တပတ်ကြာအလှူခံမှုမှာ ကျပ်သိန်း ရှစ်ထောင်အထိ ရရှိဖို့အရေးအတွက်လည်း ဝိုင်းဝန်းကူညီ ထည့်ဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ပြည်ပရောက်နေတဲ့ သူတွေအတွက် ထောက်ပံ့ပေဖို့အတွက် သက်ဆိုင်ရာ နိုင်ငံတွေကို ရွေးချယ်ပြီးတော့ ဘဏ်အကောင့်တွေ ရယူ ပြီး နည်းများမဆိုလှူဒါန်းပေးဖို့နဲ့ လှူဒါန်းငွေတွေ အလေအလွင့်လုံးဝမဖြစ်စေရဘူးလို့ ဆိုထားပါတယ်။
bank account ကိုတော့ https://pyithuarr.com ၊ https://tooez4you.com အဆိုပါ လင့်နှစ်ခုမှာ ရယူနိုင်ပြီး စင်ကာပူ၊ အမေရိ ကား၊ ယူကေ၊ ဩစတေးလျ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ ယူအေအီး၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ကနေဒါ၊ မကာအိုနဲ့ ဟောင်ကောင် နိုင်ငံတွေက လှူဒါန်းမယ်ဆိုရင် တိုက်ရိုက်ငွေလွှဲလှူဒါန်းလို့ရကြောင်း သိရပါတယ်။ ဒါအပြင် Pyapal, Wise ,Revolut, Crypto တိုနဲ့ပါ ပေးပို့လှူဒါန်းမယ်ဆိုရင် ရတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံအတွက်ကတော့ ဘဏ့်အကောင့်စီစဉ်နေဆဲမို့ မရရှိသေးဘူးလို့လဲ CLICK2DONATE က ပြောထားပါတယ်။
အထက်မှာပြောထားတဲ့ နိုင်ငံတွေက မဟုတ်တဲ့သူတွေအတွက်တော့ စင်ကာပူနဲ့ UK US အကောင့်တွေဆီကို international transfer နဲ့ ပေးပို့လို့ရတယ်လို့လည်း ဆိုထားပါတယ်။
ငွေလှူဒါန်းထားတဲ့သူတွေကို certificate လေးအမှတ်တရထုတ်ပေးဖို့ အစီအစဉ်လည်းရှိပါတယ်။ ဒါပေမယ့်လည်း ငွေလွှဲ ထားတဲ့ screenshoot တွေကို ပို့စ်အောက်မှာ မမန့်ဖို့အတွက်လည်း သတိပေးထားတာတွေ့ရပါတယ်။ ငွေလွှဲပြီးကြောင်း ကော့မန့်လေးမှာ ဝင်ရေးတာနဲ့ပဲ ဝမ်းသားအောင် အသိပေးကြဖို့လို့ ပြောထားပါတယ်။
အသေးစိတ်ထပ်မံသိရှိလိုရင်လဲ ကျွန်တော်တို ပေ့ခ်ျတွေ ရဲ့ မက်ဆေ့တွေကနေဆက်သွယ်နိုင်သလို webpage မှာပြထားတဲ့ ဆက်သွယ်ရန် တယ်လီဂရမ် signal နံပါတ်တွေကနေလဲ ဆက်သွယ်လို့တဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ CLICK2DONATE ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကတော့ https://www.facebook.com/click2donatemm ဖြစ်ပြီး လှူဒါန်းလိုတဲ့သူ တွေအနေနဲ့ ပေ့ချ်ထဲဝင်ရောက်ပြီးတော့ ဆက်သွယ်လှူဒါန်းလို့ရတဲ့အကြောင်း ပြောလိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews