PVTV အဖွဲ့သားတွေက “ပြည်သူ့စုံထောက်နှင့် သွေးစွန်းငွေများ” အစီအစဉ် အပိုင်း (၁) အဖြစ် “ပြည်သူ့စုံထောက်နှင့် မိုဂီအမှုကြီး” ကို တင်ဆက်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေ ဘာ့ကြောင့် အာဏာကိုလက်မလွှတ်နိုင်ဖြစ်နေရတာလဲ၊ ပြည်သူကို အစွမ်းကုန် ပစ်ခတ်သတ်ဖြတ်ပြီး ဘာကြောင့်များ ဒီလောက်တောင် ရိုင်းစိုင်းယုတ်မာနေကြတာလဲ … ရှင်းရှင်းလေးပါပဲ … သူတို့ရဲ့သားစဉ်မြေးဆက် အကျိုးစီးပွားအတွက် ပြည်သူလူထုကို ဂုတ်ခွစီးပြီး ဆက်လက်ဂုတ်သွေးစုတ်ချင်နေလို့ပါပဲ။ အကြောင်းအရာက ထင်ရှားပေမယ့် အချို့သော အချက်အလက်တွေကတော့ ဝေဝါးနေသေးတာဖြစ်လို့ ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ပြည်သူ့စုံထောက်ကြီးက စစ်ဗိုလ်ချုပ်တွေရဲ့ အောက်ဖဲတွေကိုလှန်ပြပါလိမ့်မယ်။ ပြည်သူ့သတင်းသမားကလဲ … ပြည်သူ့စုံထောက်ကြီးသိထားသမျှ ထိုးဆွနှိုက်ထုတ်ရင်း ပြည်သူကို သတင်းပေးနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။