CDM ဝန်ထမ်းတွေရဲ့ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူပြီး CDM ဝန်ထမ်း ၅၀ ဦးကို ကံစမ်းမဲဖောက် ပံ့ပိုးပေးဖို့စီစဉ်နေ

CDM ဝန်ထမ်းတွေရဲ့ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူပြီး CDM ဝန်ထမ်း ၅၀ ဦးကို ကံစမ်းမဲဖောက် ပံ့ပိုးပေးဖို့စီစဉ်နေ
ဇူလိုင် ၂၂ ၊ ၂၀၂၂

CDM ဝန်ထမ်းတွေရဲ့ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူပြီး CDM ဝန်ထမ်း ၅၀ ဦးကို ကံစမ်းမဲဖောက်ပြီး ပံ့ပိုးပေးရန်စီစဉ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနဲ့ ဝင်ငွေရရှိ တိုးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီက ဇူလိုင် ၂၁ ရက်မှာ သတင်းထုတ် ပြန်ခဲ့ပါတယ်။

CDM ဝန်ထမ်းတွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ အလုပ်အကိုင်အခြေအနေကို သိရှိနိုင်ရန်ရည် ရွယ်ပြီး “CDM ဝန်ထမ်းတွေရဲ့ ဘ၀နေထိုင်မှုနဲ့ အလုပ်အကိုင်အခြေအနေ လေ့လာမှုစစ်တမ်း” ကို ဇွန် ၂၄ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိကောက်ယူခဲ့ပြီး စစ်တမ်းဝင်ရောက်ဖြေဆိုသူ CDM ဝန်ထမ်းတွေအတွက် အထောက်အပံ့ ဖြစ်စေ ရန်ရည်ရွယ် တယ်လို့ ဆိုထားပါတယ်။

စစ်တမ်းဝင်ရောက်ဖြေဆိုသူ CDM ဝန်ထမ်း ၅၀ ဦးကို သုံးသိန်းဆု ၁ ဆု၊ နှစ်သိမ်းဆု ၁ ဆု၊ တစ်သိန်းဆု ၁ ဆုငါးသောင်းဆု ၂ ဆု၊ သုံးသောင်းဆု ၅ ဆု၊ နှစ်သောင်းဆု ၁၀ ဆုနဲ့ တစ်သောင်းဆု ၃၀ ဆု စုစုပေါင်း ကျပ် တစ်ဆယ့်သုံးသိန်းငါးသောင်းကို ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးရေးနှင့် ဝင်ငွေရရှိတိုးပွားရေး မူဝါဒတွေကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးရေးနဲ့ ဝင်ငွေရရှိတိုးပွားရေးဆိုင်ရာ ကော်မတီကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်တွင် ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီလိုဖွဲ့စည်းပြီးနောက်မှာ Employment၊ Training၊ SME နဲ့ Labour Market Analysis အစရှိတဲ့ လုပ်ငန်း အဖွဲ့ ၄ ဖွဲ့နဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါအပြင် CDM လှုပ်ရှားမှုမှာ ပါဝင် နေတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ကူညီရေးအတွက်လမ်း ကြိုပမ်းလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား တာတွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.