CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမယ့်ရက်ကို ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်

CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမယ့်ရက်ကို ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်
ဇူလိုင် ၁၁ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ မတက်ရောက်ဘဲ CDM ပြုလုပ်ထားတဲ့ ကျောင်းသား တွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမယ့်ရက်ကို ဂန့်ဂေါမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ပေးလိုက်ပါ တယ်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းမှာ CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေ (အခြေခံပညာ နဝမတန်း စနစ် ဟောင်းတက်ရောက်ဖူးပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ အသက် ၁၇ နှစ်ပြည့်ပြီးသူများ)ကို လာမယ့် ၂၀၂၃ ခု နှစ် ဖေဖော်ဝါရီလမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စာမေးပွဲကို ဒုတိယအကြိမ် လုပ်ဆောင်ပေးဦးမှာဖြစ်တယ်လို့ ဆိုထားပြီး အဲဒီဒုတိယအကြိမ်ကိုတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။

ဖြေဆိုချိန်ကို ၂ နာရီ သတ်မှတ်ထားပြီး ဓမ္မဓိဋ္ဌာန်မေးခွန်းအမျိုးအစား (objective type items) ပါဝင်မှာဖြစ်တယ်လို့ ဖော် ပြထားပါတယ်။

တက္ကသိုလ်ဝင်တန်းကလွဲပြီး အခြားသော အတန်းအားလုံးက ကျောင်း သား တွေကို သတ်မှတ်အရည်အချင်းပြည်မီပါက ၂၀၂၂ ခုနှစ် အောက်တို ဘာလမှာ အတန်းကူးပြောင်းပေးမှာ ဖြစ်ပါတယ်။

တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိတာ ဒါမှမဟုတ် စာမေးပွဲ ဖြေဆိုနိုင်ခြင်း မရှိတဲ့ကျောင်း သားတွေအတွက် သင့်လျော်မဲ့ ကြားကာလ သို့မဟုတ် တော်လှန်ရေးအလွန်ကာလ အထူးပညာသင်ကြားရေးနဲ့ စစ်ဆေးအကဲဖြတ် အသိအ မှတ်ပြုရေး၊ အစီအစဉ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရက သီးသန့် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဂန့်ဂေါမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.