CDF -Senthang တပ်ဖွဲ့ရဲ့ ပထမအကြိမ် Commando သင်တန်း အောင်မြင်စွာပြီးဆုံး
မတ် ၄ ၊ ၂၀၂၂
ချင်းကာကွယ်ရေးတပ်-ဆဲန်ထန်(CDF-Senthang) တပ်ဖွဲ့၏ ပထမအကြိမ် Commando သင်တန်းကိုမတ်လ ၂ရက်ကအောင်မြင်စွာ ပြီးမြောက်ခဲ့တယ်လို့ CDF-Senthang က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
သင်တန်းပြုလုပ်နိုင်ဖို့ အဖက်ဖက်က ကူညီပေးကြတဲ့ အဖွဲ့အစည်းအသီးသီးကညီနောင်တွေနဲ့ ဆဲန်ထန်မျိုးနွယ် အားလုံးအပေါ် အထူးကျေးဇူးတင်ကြောင်းလည်းဖော်ပြထားပါတယ်။
CDF- Senthangကို ၂၀၂၁ စက်တင်ဘာလက ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကိုခုခံကာကွယ်ဖို့၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ် ချေမှုန်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရေးရည်ရွယ်ဖွဲ့စည်းထားတာလို့ ထုတ်ပြန်ထားပါတယ်။
CDF –Senthang ဟာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ လမ်းညွှန်မှုကို ခံယူပြီး ချင်းအမျိုးသားတပ်မတော်(CNA) ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာဒေသအသီးသီးက CDF/PDF တပ်ဖွဲ့တွေနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့ ကြေညာထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။