Baning Pot & Pan (Interview)…

Baning Pot & Pan (Interview)
သံပုံးတီးသပိတ် (အင်တာဗျူး)
#SpringRevolution
#PVTV

Like – 5.5K Share – 294

Public Voice Television Facebook

Add your reaction

  1. ငါတိုနိုင်ငံဒီမိုကရေစီရမှအောင်နိုင်မှာကြိုးစားနေရတဲ့ပြည်သူတွေအားတင်းထာရကိုရရမှာမရရင်အသက်တွေဒိ့ထက်ပိုသေအုန်းမှာ

  2. အဖမ်းခံနေရတဲ့လူငယ်တွေနိုင်ငံခေါင်းဆောင်တွေအပြစ်မဲ့ပြည်သူတွေသနာပေးပါကြိုးစားပေးပါ

  3. ဖေဖော်ဝါရီ အာဏာမသိမ်းခင်မှာ
    ခဗျားတို့ကို ကျနော် သတိပေးဖူးပါတယ်
    စစ်တပ်က လုပ်နေတဲ့ပုံစံက သူလိုချင်တဲ့ဘောင်တခုထဲ
    မရောက်ရောက်အောင် ကျုံးသွင်းပြီးတော့
    အာဏာသိမ်းတော့မလားဆိုပြီး သတိပေးဖူးတယ်

    အခုလဲ ခဗျားတို့ အားတက်စရာ ပြောရရင်တော့
    NUG အစိုးရ သွားနေတဲ့ပုံစံက နှေးတယ်
    မထိရောက်နိုင်သေးဘူး ထင်နေရပေမယ့်
    တကယ်တမ်းကျ NUG သွားနေတဲ့ပုံစံ အချီကြီး
    အပိုင်ကြံနေတယ်ဆိုတာ အာမခံ ပြောရဲတယ်

    ကျနော်ကိုယ်တိုင်လဲ NUG အစိုးရ လုပ်နေတာ
    သိပ်အားမရတာတွေ ရှိတယ် စိတ်ထဲမှာ တဖြည်းဖြည်းနဲ့
    ခံစားမိလာတာကတော့ NUG အစိုးရ ဘက်ပေါင်းစုံကနေ
    တချီတည်း အပိုင်ကိုင်ဖို့အတွက် လုပ်နေတယ်ဆိုတာပဲ

    NUG သွားနေတဲ့ပုံစံက EAOs တွေလို မဟုတ်ဘူး
    အသာရမလား ထ တိုက်လိုက် စစ်ပန်းလာရင်
    ငြိမ်ကြသွားလိုက် လုပ်လို့မရဘူး တော်လှန်ရေးထဲ
    သန်းနဲ့ချီတဲ့ပြည်သူတွေ ပွဲပန်းတာ ခံစားနေရပြီ
    တခါရှုံးသွားပြီဆိုတာနဲ့ နောက်ပြန်လန်တော့မယ်
    အချိန်ယူပြီး စနစ်တကျနဲ့ ပွဲသိမ်းနိုင်ဖို့ လိုပါလိမ့်မယ်

    ခဗျားတို့ မျက်လုံးထဲ မြင်အောင် ပြောရရင်
    CRPH ပေါ်လာပြီး NUG အစိုးရကနေ
    PDF ပေါ်လာတဲ့ ဒီနေ့အချိန်တွေထိ ပြည်သူ့အစိုးရက
    နိုင်ငံတကာထောက်ခံမူ ပြည်တွင်းအင်အားစုစည်းမူ
    ပြည်တွင်း အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင်
    CDM တောင့်ခံနိုင်အောင် စနစ်တကျပြင်ဆင်မူ
    အစိုးရဝင်ငွေရလမ်းတွေ မလည်ပတ်နိုင်အောင် ပိတ်ဆို့ရေး
    စစ်ရာဇဝတ်မူတွေကနေ ICC မှာ တရားစွဲဆိုနိုင်ရေး
    တဆက်တည်းမှာပဲ လက်နက်ကိုင်တော်လှန်ရေး
    ဘယ်ကဏ္ဍာကိုမှ လစ်ဟင်းသွားတာ မရှိအောင်
    အချိတ်အဆက်မိမိနဲ့ သွားနေတယ်ဆိုတာ မြင်သာပါတယ်

    ဘယ်အရာမဆို အားသာချက်နဲ့ လိုအပ်ချက်လဲ
    ရှိနေနိုင်တာမို့ အချိန်ယူပြီး ပြင်ဆင်နေတာ
    နောက်ကျတယ်လို့ စိတ်မရှည် မဖြစ်ပါနဲ့ ဒီပွဲက
    စနစ်တကျ မတိုက်နိုင်ရင် စုစည်းမူနဲ့ တောင်ခံနိုင်မူ
    ဆုံချက်ပျက်သွားပြီး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်
    သေချာတာကတော့ NUG အစိုးရက ကဏ္ဍပေါင်းစုံကနေ
    ချဉ်းကပ်ပြီး အပိုင်ချည်ပြီးမှ တိုက်ခိုက်မယ်ဆိုတာ
    သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေး ဒုဝန်ကြီး
    ဒေါ်ခင်မမမျိုး ပြောသွားတဲ့အထဲ အရှင်းသားတွေ့နိုင်တယ်
    အားမလျှော့ပါနဲ့ အရေးတော်ပုံ အောင်ကို အောင်ပါမည်

    ~ Crd ~

  4. ဒလန် ရှင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်း
    =================
    ၁၉၄၂ မုတ္တမ ဘောလုံးကွင်း
    ————————–

    ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ဟာ
    မွန်ပြည်နယ်ထဲ ဝင်ရောက်လာချိန်မှာ

    သထုံခရိုင် ပေါင်မြို့နယ် သံဖြုကုန်း ကျေးရွာသူကြီးဟာ
    တောထဲ ဝင်သွားလေ့ရှိတယ်။
    တောထဲမှာ ဆက်သွယ်ရေးစက်တလုံးနဲ့
    အင်္ဂလိပ်ကို BIA အကြောင်းသတင်းပေးတယ်။

    ရွာသားတွေက ဒလန်ကို ဖမ်းမိပြီး BIA လက်အပ်တယ်။

    ဗိုလ်ချုပ်အောင်ဆန်းက စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး
    ဒလန်ကို သေဒဏ်ပေးလိုက်တယ်။

    မုတ္တမဘောလုံးကွင်းထဲမှာ
    ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဒလန်ကို
    ဓါးနဲ့ ခုတ်သတ်တယ်။
    မသေမရှင် ဖြစ်နေလို့
    အနားက ရဲဘော်တယောက်က
    သေနတ်နဲ့ ထပ်ပစ်တယ်။

    ​၁၉၄၆ ရန်ကုန်မြို့
    —————–

    ၁၉၄၅ အင်္ဂလိပ်က ဗမာပြည်ကို ပြန်လည် သိမ်းပိုက်တယ်။

    ကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော် PBF က
    ဗိုလ် ၂၀၀ တပ်သား ၅၀၀၀ ကို
    ဗြိတိသျှဘားမားအာမီ ထဲ သွတ်သွင်းပြီး
    (ယနေ့အထိ တပ်ထဲမှာ BC နံပါတ်လို့ ခေါ်တဲ့)
    အင်္ဂလိပ်ဘုရင်လစာ Burma Commission စားတဲ့
    ဘားမားရိုင်ဖယ်​တွေ ဖြစ်ကုန်တယ်။
    ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်က နုတ်ထွက်လိုက်တယ်။

    တပ်ပြုတ် ၇ သောင်း ၅ ထောင် ဟာ
    ဦးအောင်ဆန်းကို ဥက္ကဌ တင်ပြီး
    ပြည်သူ့ရဲဘော်တပ် ကို တည်ထောင်တယ်။
    ဗိုလ်ချုပ် လို့ပဲ တလေးတစားခေါ်တယ်။
    ထူးခြားချက်က “ဘော်”တွေဟာ
    ပုခုံး၊ လက်မောင်းမှာ ရာထူး အဆင့်မပါဘူး။

    ဖဆပလ အဖွဲ့ချုပ်ကြီးမှာ
    ပြည်သူ့ရဲဘော်၊ ဗကပ၊ အရေးတော်ပုံပါတီ (၃) ဖွဲ့ပဲရှိတယ်
    ဘားမားရိုင်ဖယ်တပ်တွေ မပါတော့ဘူး

    ၁၉၄၆ ဖဆပလဟာ ပထမဆုံး CDM လို့ ခေါ်တဲ့
    ပုလိပ်နဲ့ အမှုထမ်းပေါင်းစုံအထွေထွေသပိတ် ဆင်နွဲတယ်။

    သခင်ထွန်းအုပ်က ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို
    မျက်နှာလုပ်ပြီး
    မုတ္တမ လူသတ်မှုကို
    ဖော်ကောင်လုပ်တယ်။
    သက်သေ ခံမယ်ပြောတယ်။

    ဆာဒေါ်မန်စမစ်ဟာ ဦးအောင်ဆန်းနဲ့
    ပုဂ္ဂိုလ်ရေး ရင်းနှီးပေမယ့်
    နိုင်ငံရေးမှ ရန်သူ လို ဆက်ဆံတဲ့လူ။

    သူက ဦးအောင်ဆန်းကို ခေါ်မေးတယ်

    ဦးအောင်ဆန်းက ဝန်ခံတယ်။
    စစ်ခုံရုံးဖွဲ့ စစ်ပြီးမှ သေဒဏ်ပေးတာလို့ ဖြေတယ်။

    ဆာဒေါ်မန်စမစ်က
    ” စစ်ခုံရုံး နဲ့ သေဒဏ်ပေးတာ တရားမဝင်ဘူး
    လူသတ်မှုပဲ ဖြစ်တယ်
    ဥပဒေရဲ့ အကာအကွယ်မရဘူး” လို့ ပြောတယ်

    ဆာဒေါ်မန်စမစ်က လန်ဒန်ကို ကြေးနန်း ရိုက်မေးတယ်
    လန်ဒန်က ဖမ်းဖို့ အမိန့်ပေးတယ်။
    ဖမ်းဖို့ ပြင်ဆင်ပြီးပြီးခါမှ
    ဒုတိယ အမိန့် ဝင်လာတယ်။
    မဖမ်းရ တဲ့။

    ” အောင်ဆန်းကို ဖမ်းရင် သူပုန်ထလိမ့်မယ်။
    အောင်ဆန်းဘက်မှာရှိတဲ့
    ပြည်သူ့ရဲဘော်၊ ဗကပ နဲ့ အရေးတော်ပုံပါတီဟာ
    အရပ်ဘက်အဖွဲ့အစည်း ဖြစ်ပေမယ့်
    လက်နက်တွေ ပြန်မအပ်ပဲ ဝှက်ထားတယ်။
    သူပုန်ထရင် အင်္ဂလိပ်က စစ်ပန်းနေပြီး
    အိန္ဒိယ တပ်တွေ ဗမာပြည်ထဲ ပြန်ပို့ဖို့ မဖြစ်နိုင်လို့
    အောင်ဆန်းရဲ့ လူသတ်မှုကို လျစ်လျှူပြုလိုက်ပါ” တဲ့။

    (ဇာတ်ပေါင်းသော် –
    အင်္ဂလိပ်ဘုရင်ကို သစ္စာခံခဲ့တဲ့
    ဘားမားရိုင်ဖယ် ခေါ် ဗမာ့သေနတ်ကိုင် တပ်ရင်းတွေက
    လွတ်လပ်ရေးတိုက်ပွဲမှာ မပါပဲ
    ရေတပ်နဲ့ လေတပ်ဟာလည်း
    အင်္ဂလိပ်ဘုရင်ခံက တည်ထောင်ပေးခဲ့တာ ဖြစ်တယ်။

    ၁၉၄၈ ဇန် ၄မှာ လက်လွှဲယူခဲ့တာ ဖြစ်တယ်။
    ယနေ့ မအလတပ် ဖြစ်လာတယ်၊

    အင်္ဂလိပ်အောက် မဝင်ရောက် အမှုမထမ်းတဲ့
    ပြည်သူ့ရဲဘော်တပ်ဟာ
    လွတ်လပ်ရေး ရပြီး တောခိုခဲ့ပြီး
    သမိုင်းပျောက်ခဲ့တယ်)

  5. မီးပုံပျံတွေလွှတ်ပြီးပြန်ဒုက္ခပေးကြမယ်သူတို့ရဲ့နောက်တန်းတွေကို

  6. ငါဆိုနေ့စဥ်သံပုံးတီးတာငရဲမင်းကြီးတိုင်တည်ပြီးတီးတာပြည်သူတွေသတ်နေတဲ့ဖက်စစ်စစ်တပ်ကြီးအမြန်ဆုံးငရဲသို့လားပါစေလို့ဆိုပြီးတီးတာ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.