“ ဝေမြဲနှင်းဆီ ”
▬+▬+▬+▬+
ဟိုတုန်းက ပြပွဲတွေမှာ
နှင်းဆီတပွင့်ပုံ တင်ချိတ်ရုံနဲ့
ပန်းချီကားလည်း အဖြုတ်ခံရ
ရေးဆွဲသူလည်း အစစ်ခံရတယ်
.
မိခင်က ရင်သွေးကို
နို့ချိုကျွေးမယ်
ဘာအဓိပ္ပာယ်လဲ မေးစရာလား
.
မိခင်က ရင်သွေးကို
အသက်ကယ်ပေးမယ်
ဘာရည်ရွယ်လဲ မေးစရာလား
.
ပုဆိန်ရိုး ..တဲ့
ချိုးဖဲ့တိုင်း ကြွေရရင်
ဝေပြစရာတောင် ကျန်မှာမဟုတ်
.
ခုတော့
ပုံတူကိုယ်ပွားတွေ တောလုံးဝေပြီ
.
အို..နှင်းဆီ…
ရန်လိုတိုက်ခိုက်သူများအတွက်
ဘယ်လိုရင့်ကျက်
ရက်စက်ရိုင်းစိုင်းမှုများကို
ဘယ်လို ဖြတ်ကျော်
သူ့ကျင့်စဉ်အလှ
ကမ္ဘာမြေရဲ့ သင်ရိုးအဖြစ် ပြဌာန်းရပြီ ။
ဝေမြဲ.နှင်းဆီ
ဣနြေ္ဒ္ဒဖြင့် ရှေ့ကိုပဲကြည့်နေသည်။…….။
.
#မင်းကိုနိုင်
(၁၉/ဇွန်/၂၀၁၆)
Like – 12K Share – 1587