၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရ
၂၄ အောက်တိုဘာလ ၂၀၂၁
၈၈ မျိုးဆက် ငြိမ်းချမ်ရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုဂျင်မီ ကို အကြမ်းဖက် စစ်ကောင်စီက အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းမှာ
မြောက်ဒဂုံတွင် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ကိုဂျင်မီရဲ့
အသက်အန္တရာယ်စိုးရိမ်ရပြီး ဖမ်းဆီးမှု့နောက်ပိုင်းဖြစ်ပေါ်လာတဲ့အခြေအနေ
အားလုံးကို စစ်ကောင်စီကတာဝန်ယူဖြေရှင်းရမယ်လို့ ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။

