၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သဘောထား ထုတ်ပြန်ချက်များကို ကျောင်းသားသမဂ္ဂ အသီးသီးက ထုတ်ပြန်
ဇန်နဝါရီ ၄ ၊ ၂၀၂၂
ယနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ကျောင်းသားသမဂ္ဂအသီးသီးက ယင်းတို့ရဲ့ သဘောထားအသီးသီးကို ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း ထုတ်ပြန်သလို၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် ရန်ကုန်ကွန်ပျူ တာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကြားကာလအလုပ်အမှုဆောင်အဖွဲ့ကလည်း ကြေညာချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေနဲ့ကတော့ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းပြီး နိုင်ငံတော်သစ်ထူထောင်နိုင်ရေးအ တွက် ဘုံ ရည်မှန်းချက်တူညီသော တော်လှန်ရေးအင်အားစုများအားလုံးနှင့် လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း “အချုပ်ဆိုရသော် ကျွန်ုပ်တို့ဖော်ဆောင်ရမည့် လွတ်လပ်ရေးနဲ့ နိုင်ငံတော်သစ် စဉ်းစားချက်သည် လူမျိုးစုများ၏ လိုလားချက်များ နှင့် ကိုက်ညီသော နိုင်ငံတော်သစ်တစ်ရပ်ဖြစ်ပြီး အဆိုပါ နိုင်ငံတော်သစ်တွင် လောကပါလတရား ၃ ပါးဖြစ်သော လွတ်လပ်မှု၊ တ ရားမျှတမှုနဲ့ တန်းတူညီမျှမှု စံနှုန်းများအပြည်အဝရရှိကာ ဖိနှိပ်မှုကင်းသော နိုင်ငံတော်သစ်တစ်ရပ်ပင်ဖြစ်သည်။ ထိုကြောင့် ရေ ကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် ယနေ့လွတ်လပ်ရေးနေ့ကို အသိအမှတ်မပြုဘဲ အထက်တွင် ညွှန်းဆိုခဲ့ ပြီးသည့် စစ်မှန်သော လွတ်လပ်ရေးနှင့် နိုင်ငံတော်သစ်အတွက် မဟာမိတ်များနှင့် လက်တွဲ၍ ဖော်ဆောင်မည်ဖြစ်ကြောင်း” ဆိုပြီးတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ရန်ကုန်ကွန်ပျုတာတက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း လွတ်လပ်ရေးအတွက် တော်လှန်ရာမှာ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို မမေ့ပျောက်စေဖို့လည်း သတိပြုမိရန် အရေးကြီးလှကြောင်းနဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် လွတ်လပ်သော တိုင်းပြည်အသစ်ကို ရည်မှန်းပြီး လွတ်လပ်သော တန်းတူညီ မျှမှုရှိတဲ့ တရားမျှတမှုရှိတဲ့ နိုင်ငံတော်အားရည်မှန်းပြီး တိုက်ပွဲဝင်ကြရမှဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews