၇၃ နှစ်မြောက် ကော်သူးလေတပ်မတော်နေ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာပေးပို့
ဇူလိုင် ၆ ၊ ၂၀၂၂
ဇူလိုင် ၅ ရက်မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် ကော်သူးလေတပ်မတော်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာကို မနေ့က ပေးပို့လိုက်ပါတယ်။
ဂုဏ်ပြုလွှာထဲမှာ (၇၃) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့မှာ ကရင်အမျိုးသား ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နဲ့ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့တဲ့ ကရင့်သူရဲ ကောင်း အာဇာနည်တွေ၊ ကရင်ပြည်သူတွေအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က နိုင်ငံရေး၊ စစ်ရေး ရ ပ်တည်ချက်ခိုင်မာစွာနဲ့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်နေတယ်လို့ ဖော်ပြ ထားပါတယ်။
ကော်သူးလေတပ်မတော်က ကရင်ပြည်သူတွေနဲ့တကွ ပြည်ထောင်စုဖွား ပြည်သူတွေအားလုံး မျှော်မှန်း တောင့်တလျက် ရှိတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နဲ့ တရားမျှတရေး၊ တန်းတူရေးတို့ကို အပြည့်အဝအာမခံတဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်တွဲညီစွာနဲ့ ဝိုင်းဝန်းကြိုးပမ်းအားထုတ် အောင်မြင်နိုင်ပါစေဆိုပြီးလည်း ဂုဏ်ပြုလွှာထဲမှာ ဆုမွန်ကောင်းတောင်းပေး ထားတာ တွေ့ရပါတယ်။
၁၉၅၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှာ ယခင်ကော်သူးလေ လက်နက်ကိုင်တပ်ပေါင်းစု (Kawthoolei Armed Forces)ကို ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဉ်နဲ့ ကိုက်ညီတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army)အဖြစ် အတည်ပြု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဲဒီနေ့ကို ကော်သူးလေတပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။