၇၃ ကြိမ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ကို ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က သဝဏ်လွှာ ပေးပို့
ဇန်နဝါရီ ၃၀၊ ၂၀၂၂
ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကရင် အမျိုးသားအစည်းရုံး ၇၃ ကြိမ်မြောက် တော်လှန်ရေးနေ့ကို ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
ကရင်အမျိုးသားအစည်းရုံးရဲ့ ၇၃ နှစ်မြောက်တော်လှန်ရေးနေ့မှာ စစ်အာဏာရှင် လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်အမျိုးမျိုး ရန်က ကင်းဝေးပြီး စစ်မှန်တဲ့ ဖဒရယ် ဒီမိုကရေစီနိုင်ငံစစ်ကို တည်ထောင်ဖို့ ကြိုးစားကြဖို့ တိုက်တွန်းလိုက်တာတွေ့ရပါတယ်။
ဒါ့အပြင် ပြည်သူလူထု အကုန်လုံးနဲ့ ပြည်ထောင်စု အတွင်းရှိ လူမျိုးတိုင်း အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မျိုးဆက်သစ်တွေ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ကရင်အမျိုးသားအပြင် လူမျိုးတိုင်း အဖွဲ့အစည်းတိုင်း ပြည်သူလူထု တရပ်လုံး စည်းစည်းလုံးလုံး စွမ်းစွမ်းတမံ ကြိုးပမ်း အားထုတ်ဖို့ ပြောဆိုထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။