၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) PSLF/TNLA ၊ MNTJP/MNDAA နဲ့ ULA/AA တို့က သဝဏ်လွှာပေးပို့
ဖေဖော်ဝါရီ ၅၊ ၂၀၂၂
မြန်မာနိုင်ငံအတွင်းက အဖိနှိပ်ခံနေရသောလူမျိုးတွေ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ပိုင်ခွင့်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရရှိရေး၊ အမျိုးသားရေးဆိုင်ရာနစ်နာချက်များ ပြန်လည်ရရှိရေး၊ မိမိတို့လူမျိုးတွေ အသက်အိုးအိမ် စည်းစိမ်တို့ကို အကာအကွယ်ပေးနိုင်ရေးတို့အတွက် လက်နက်ကိုင် တော်လှန်သောနည်းလမ်းနဲ့ တော်လှန်တိုက်ပွဲဝင်ရင်း မိမိတို့အဖွဲ့အစည်းတိုင်းက စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ ကချင်လူမျိုး တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ကလဲ ကချင်တစ်မျိုးသားလုံးလွတ်မြောက်ရေးအတွက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army-KIA) ကို စတင်ဖွဲစည်းခဲ့တာြဖစ်ပါတယ်။
ဒီလိုဖွဲ့စည်းခဲ့တဲ့နေ့ကို “ကချင်တော်လှန်ရေး” နေ့အဖြစ်သတ်မှတ်ပြီး ကချင်တစ်မျိုး သားလုံးက ဂုဏ်ယူစွာကျင်းပနေကြတာနဲ့ အတူ ညီနောင်မဟာမိတ် (၃) ဖွဲ့ အနေနဲ့လဲ ကချင်တော်လှန်ရေးနေ့ဖြစ်တဲ့ ဒီနေ့ရက်မြတ်တွေကို ကချင်လူမျိုးတွေနည်းတူ ထပ်တူထပ်မျှတန်ဖိုးထားတယ်လို့ သဝဏ်လွှာမှာ ဖော်ြပထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) က ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ အသစ်တဖန် သန္ဓေတည်မွေးဖွားခွင့်ပေးခဲ့တဲ့အပြင် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အနေနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေအဖြစ် ရပ်တည်ပေးထားတာကြောင့်လဲ တအာင်းနဲ့ ရက္ခိုင်လူမျိုးတို့အတွက် ကြီးမားတဲ့ ဂုဏ်ဒြပ်တွေနဲ့ ပြည့်နှက်နေပြီး ကချင်ပြည်၊ ကချင်ပြည်သူလူထု နဲ့ KIO/KIA ကို များစွာကျေးဇူးတင်ရှိပြီး လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။