(၃၃) နှစ်ပြည့် (၈၈၈၈) အရေးတော်ပုံအခမ်းအနားများသို့ ပေးပို့သော အမျိုးသားညီညွတ်ရေး…

(၃၃) နှစ်ပြည့် (၈၈၈၈) အရေးတော်ပုံအခမ်းအနားများသို့ ပေးပို့သော အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ မိန့်ခွန်း
#SpringRevolution
#PVTV

Like – 12K Share – 1319

Public Voice Television Facebook

Add your reaction

  1. ၈၈ မအောင်မြင်ခဲ့တာ ခေါင်းဆောင်တွေက လွှတ်တော်နိုင်ငံရေးလမ်းရွေးမိလို့ပဲ

    ကျောင်းသားထဲမှာတောင် တစုပဲ လက်နက်ကိုင်တော်လှန်ရေးကို လုပ်ခဲ့တယ်

    ကျန် နှစ်စုက မြေအောက်နိုင်ငံရေး (ဗကသ )နဲ့ မြေပေါ်နိုင်ငံရေး (လူ့ဘောင်သစ်ပါတီ) ကို လုပ်တယ်။

    ပြည်သူလူထုက လက်နက်ကိုင်တော်လှန်ရေးကို အားမပေးခဲ့ဘူး။ မထောက်ပံ့ခဲ့ဘူး

    လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ ABSDF ဟာ လက်နက်မရပဲ အင်အားတွေ တဖြည်းဖြည်း လျော့သွားပြီး အိမ်ပြန်လာသူနဲ့ တတိယနိုင်ငံထွက်သူတွေ ဖြစ်သွားတယ်

    ​အိမ်ပြန်သူတွေကို ခင်ညွန့်က တနှစ်လောက် လွှတ်ထားပြီးနောက် တဖြည်းဖြည်း ဖမ်းဆီးထောင်ချပစ်တယ်..ထောင်ကထွက်လည်း စီးပွါးရေး လုပ်မရအောင် နှောက်ယှက်ခြိမ်းခြောက်တယ်။

    မြေပေါ်နိုင်ငံရေး (ဝါ ) လွှတ်တော်နိုင်ငံရေး ရွေးတဲ့ လူ့ဘောင်သစ်ဟာ မတရားအသင်းကြေညာခံရပြီး မြေအောက်လှျိုးသွားတယ်

    တပ်ဦးပါတီ ဖြစ်တဲ့ NLD ဟာ နဝတ နအဖ နဲ့ ဒိုင်ယာလော့ခ် လုပ်ဖို့ အနောက်အုပ်စုက တိုက်တွန်းတာကို လက်ခံပြီး လမ်းမှားလျှောက်မိတယ်။

    စစ်တပ် လော်ဘီတွေ ပြောတဲ့ စစ်တပ် ပေးထားချက် ဆိုတာအောက်မှာ ရသမျှ ယူပြီး နှစ်တထောင် ရင်ကြားစေ့ရေး လမ်းစဉ်အောက် အကြိမ်ကြိမ် အလိမ်ခံရတယ်

    နောက်ဆုံး စစ်တပ်ရေးတဲ့ ၂၀၀၈ ခြေဥအောက်မှာ ဘယ်လောက်ပဲ ဒူးထောက်အညံ့ခံခဲ့ပေမယ့် မအလ သမ္မတရူးတာတချက်နဲ့ အကုန် ကန်ထုတ်ခံရတယ်

    ဒေါ်စုဟာ အတွင်းအပြင် အကုန်လုံးရိုးသားခဲ့တော့ မအလအာဏာသိမ်းတော့ ငုပ်တုပ်မေ့ပြီး ဘာမှ ကြိုတင်မစီစဉ်နိုင်ခဲ့ဘူး။ CRPH ဆိုတာ ကတိုက်ကရိုက်ထလုပ်ရတာ။ ဘာ ပလန် (ဘီ) မှ မရှိခဲ့ဘူး။ ကံကောင်းတာက CRPH အဖမ်းမခံရပဲ NUG အထိ ခရီးရောက်ခဲ့တာပဲ

    နေဝင်းမောင်၊ ကျော်ဝင်း၊ မောင်စူးစမ်းတို့ လို စစ်တပ်ကိ​ု ချော့မြူရေး လော်ဘီ စာရင်းမှာ ပါတဲ့လူတိုင်း စစ်တပ်ကို အီဗော်လူးရှင်းနည်း နဲ့ စစ်တန်းလျားပြန်အောင် လုပ်ရမယ်လို့ လှုံ့ဆော်ခဲ့ကြတာပေါ့။ စစ်တပ်က ဆုတ်စစ်ဆင်နေတာလို့ လော်နေသူတွေပေါ့။

    အခြေခံဥပဒေပြင်ချင်ရင် စစ်တပ်သဘောတူတဲ့ ” မသန်မစွမ်း” ကို ” မသန်စွမ်း” လို့ ပြင်သလိုမျိုး (အနှစ်တထောင် ချော့မြူရေးပလန်)နဲ့ တဖြည်းဖြည်းပြင်ရင်း စစ်တပ်အနိုင်ကျင့်ဗိုလ်ကျတာ သည်းခံပြီး စစ်တပ်လုပ်သမျှ ခေါင်းခံပေးရမယ်လို့ သောက်တလွဲ လက်ချာရိုက်ခဲ့သူတွေချည်းပဲ

    သိထားဖို့က

    လက်နက်ကိုင်တော်လှန်ရေးဟာ အောင်မြင်ဖို့ (မလွယ်ဘူး)
    လက်နက်မဲ့တော်လှန်ရေးဟာ အောင်မြင်ဖို့ (မရှိဘူး)

    ကျော်ဝင်းတို့က လက်နက်ကိုင်တော်လှန်ရေး မအောင်မြင်တာကို ဗကပ ကို ထုတ်ပြတယ်။ ဗကပက ဖြစ်လာတဲ့ “ဝ” ကို ဖုံးကွယ် တယ်

    လက်နက်ကိုင်တော်လှန်ရေး အောင်မြင်သလား။ အနှစ် ၆၀ တွေ ဘာညာတွေ အခြားမကြည့်နဲ့ …. မနေ့တနေ့ကပေါ်လာတဲ့ AA ကို ကြည့်။ အောင်မြင်တာ မအောင်တာ သီအိုရီနဲ့ မဆိုင်ဘူး။ လက်နက်ကို ကိုယ်ဘယ်လောက် အသုံးကျအောင် လုပ်နိုင်သလဲ ဆိုတာနဲ့ပဲ ဆိုင်တယ်။

    လက်နက်ကိုင်တော်လှန်ရေးရှိလို့ ကေအိုင်အေရှိတာ။ ကေအန်ယူရှိတာ။ မရှိခဲ့ရင် ခုချိန်မှာ မအလလုပ်သမျှ လက်ဗလာနဲ့ ခံဖို့ပဲရှိတယ်

  2. အာဇာနည် မန်းဘခိုင်၏မြေး မန်းဝင်းခိုင်သန်း ဘေးရန်ကင်း၍ သက်ရှည် ကျန်းမာပါစေဟု လေးစားစွာဖြင့် ဆုတောင်းပါတယ်။
    အရေးတော်ပုံ အောင်ကို အောင်ရမည်။

  3. လေလိုင်းအစိုးရ လုံးဝလက်မခံပါ
    ပြိုင်တူတွန်းရင် ရွေ့ နိုင်ပါသည်
    ဒါကြောင့် ညီညီညွတ်ညွတ် စုပေါင်းတိုက်ရပါမည်
    အမှန်တကယ်တိုက်ရင်
    ပြည်သူပြည်သားအားလုံး
    ပါဝင်တိုက်ဖို့ အသင့်ပါ

  4. Let us pray for our fallen Heroes and Heroines of 8888 . May their blood now become the seed of Democracy which is now grown into the Spring Revolution which has the sacred duty to eliminate the oppressive and backward looking Myanmar Armed Forces headed by now Min Aung Hliang once and for all and in its place Federal Armed Forces be established which will lead too the formation of Union of Myanmar. Thanks you all the peoples of Myanmar and the expatriates and those who had given their lives for Democracy. To the death of 8888 we pray and honour all of you and the SPRING REVOLUTION who have taken the touch of Democracy we will continue to pray for you. May God shield and grant you success.

  5. 8888ကအမြစ်မပြတ်သေးတဲ့စစ်အာဏာရှင်တွေ 2021 မှာအမြစ်ဖြတ်မယ် ရေးတော်ပုံသိပ်မကြာခင်မှာ အောင်ပြီ အောင်ပြီ အောင်ပြီ။

  6. 1974က အလုပ်သမားအရေး(မီးရထားကစ)1975က ဦးသန့်အရေးလို့ယုံကြည်ပါသည်
    ကျွန်တော်မမှားဘူးထင်တာဘဲ
    ဆရာလုပ်ခြင်းမဟုတ်ပါ
    ဝေဖန်ခြင်းပါ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.