(၂၇၁၃) နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့ကို NUG က နှုတ်ခွန်းဆက်သဝဏ်လွှာပေးပို့

(၂၇၁၃) နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့ကို NUG က နှုတ်ခွန်းဆက်သဝဏ်လွှာပေးပို့

ဒီဇင်ဘာ ၂၄၊ ၂၀၂၁

ဒီဇင်ဘာ ၂၄ ရက်နေ့က ပြည်ထောင်စုဖွား တအာင်းလူမျိုးတွေရဲ့ (၂၇၁၃) နှစ်မြောက်နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ မင်္ဂလာရှိသောနှစ်သစ်ကူးနေ့ရက်အချိန်အခါသမယမှာ မြန်မာနိုင်ငံတဝှမ်းနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ တအာင်းအမျိုးသမီး၊ အမျိုးသားတွေ အကုန်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ NUG က မေတ္တာပို့သလျက်နှုတ်ခွန်းဆက်သလိုက်ပါတယ်။

အခုလို တအာင်းနှစ်သစ်ကူးနေ့ရက်မှာ တအာင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားတွေ လက်လွတ် ပျောက်ဆုံးခဲ့ရတဲ့ လုံခြုံငြိမ်းချမ်းမှု၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာမျှော်မှန်းချက်တွေ ထွန်းရှင်သန်လာနိုင်ပါစေလို့ NUG က ဆုတောင်းပေးလိုက်ပါတယ်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပြည်သူ့လွတ်မြောက်ရေးအတွက် ခုခံတွန်း လှန်စစ်ဆင်နွဲနေတဲ့ တအာင်းဒေသအပါအဝင် နိုင်ငံတဝှမ်းက ပြည်သူတွေအားလုံး တစ်ခဲနက် အောင်မြင်မှု တွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုနှုတ်ခွန်းဆက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ NUG က ဖော်ပြထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.