၂၀၂၃ ခုနှစ်က တော်လှန်ရေး တစ်ဆစ်ချိုးကို ပုံဖော်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက ကြိုးပမ်းနေကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ပဉ္စမအကြိမ်အစည်းအဝေးမှာပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က ပြောကြား
ဖေဖော်ဝါရီ ၆၊ ၂၀၂၃
၂၀၂၃ ခုနှစ်က တော်လှန်ရေး တစ်ဆစ်ချိုးကို ပုံဖော်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက ကြိုးပမ်းနေကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ပဉ္စမအကြိမ်အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်တယ်လို့ သိရပါတယ်။
အစိုးရရဲ့ တစ်နှစ်တာ မဟာဗျူဟာ အစီအစဉ်နဲ့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုတာ သက်ဆိုင်တဲ့ အင်အားစုတွေ တစ်သံတည်းညီ တစ်ချီတည်းရုန်းနိုင်ဖို့ အထူးလိုအပ်တယ်လို့ လွှတ်တော်နာယက က ဆိုပါတယ်။
ဒါ့ပြင် အန္တိမပန်းတိုင်ကို အရောက် ချီတက်ကြဖို့ ဒီမိုကရေစီအင်အားစုအားလုံး စည်းလုံးညီညွတ်စွာနဲ့ ညှိနှိုင်းဆွေးနွေး ထမ်းဆောင်ကြရမှာလဲ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါနဲ့ တဆက်တည်း သမိုင်းတစ်လျှောက် ထူးခြားတဲ့ ဝိသေသလက္ခဏာတွေနဲ့အတူ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဆီကို စည်းလုံးညီညွတ်စွာ လက်တွဲမဖြုတ် ရှေ့ဆက်ချီတက်နိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်ပဉ္စမအကြိမ်အစည်းအဝေး ပထမနေ့မှာ ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။