၂ခြောက်လုံးနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သံဃာတော်တွေ ဆွမ်းခံကြွသပိတ် ပြုလုပ်
ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၂
အားလုံးစုရုံး ၂ခြောက်လုံး လူထုလှုပ်ရှားမှုနေ့ဖြစ်တဲ့ ဒီကနေ့မနက်မှာ မန္တလေးရှိ သံဃာတော်တွေက ဆွမ်းခံသပိတ် ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်
သံဃသမဂ္ဂ ဆရာတော်တွေက အာရုံဆွမ်းခံကြွရင်း နွေဦးတော်လှန်ရေး တစ်နှစ်ကျော်ကာလ အားလုံးစုရုံး နှစ်ခြောက်လုံး လူထုလှုပ်ရှားမှုမှာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်ဆန့်ကျင့်ကြောင်း ပြသခဲ့တာလို့ သပြေညိုသတင်းလွှာက ဓာတ်ပုံတွေနဲ့အတူ ဖော်ပြခဲ့ပါတယ်
သံဃာတော်တွေဟာ ဆွမ်းခံကြွစဉ် သပိတ်နဲ့ ယပ်တောင်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတွေ ရေးသားဖော်ပြခဲ့ကြသလို ပြည်သူလူထုတွေကလည်း ဆွမ်း၊ ဆွမ်းဟင်းနဲ့ နှင်းဆီပန်းတွေ လောင်းလှူခဲ့တာကို ဓာတ်ပုံတွေမှာ တွေ့ရပါတယ်
“အာဏာရှင်စနစ် မုချကျဆုံးရမယ်” “ တော်လှန်မှုမရှိရင် ကျွန်ဘ၀မှာ နေရမယ်။ နေ့စဉ်တော်လှန်နေမှ စစ်ကျွန်ဘ၀က လွတ်မြောက်မယ်” “ သံဃာနှိပ်စက် ဖက်ဆစ်တပ် တော်လှန်စိတ်နဲ့ အမြစ်ဖြတ်” “အင်အားကြီးသူ အနိုင်ယူဆိုတဲ့ တိရိစ္ဆာန် ဥပဒေကို ဉာဏ်ပညာနဲ့ အနိုင်တိုက်ကြ” “အကြောက်တရားနဲ့ ရှင်သန်ရမယ့် မျိုးဆက်မှာ ငါတို့ နောက်ဆုံးဖြစ်ပါစေ” အစရှိတဲ့ စာတွေ ရေးသားပြီး စစ်အာဏာရှင်ဆန့်ကျင် ကြောင်း ပြသခဲ့ကြတာပါ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။