၁၀ ဇွန် ၂၀၂၁ PVTV ၏ သတင်းကဏ္ဍ အပိုင်း(၂)…


၁၀ ဇွန် ၂၀၂၁ PVTV ၏ သတင်းကဏ္ဍ အပိုင်း(၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်အမှတ် (၁/၀၆/၂၀၂၁) ကိုထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တည်ဆဲဥပဒေပုဒ်မ ၁၀(ဆ)အရ လွှတ်တော်ကိုယ်စား လှယ်အဖြစ် အသိအမှတ်ပြုလွှာရရှိခဲ့ပြီးဖြစ်၍ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တရားဝင်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့်ရှိသူများဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ပြီး နိုင်ငံတော်ကိုသစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်ကာ ပြည်သူလူထုဆန္ဒကို အလေးမထားဘဲ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသော စစ် ကောင်စီကသာလျှင် တရားမဝင်သော အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကောင်စီမှ ကိုယ်စားလှယ်များအပေါ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့်မရှိသေးသည့်ပုဂ္ဂိုလ် ဟုသတ်မှတ်ပြီး CRPH ၊ NUG ၊ PDF တို့တွင် ပါဝင် ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိလက်မှတ်ရေးထိုး ခိုင်းခြင်းများသည် လုံးဝတရားမဝင်ပါကြောင်း နှင့် လိုက်နာဆောင်ရွက်ရန်လုံးဝမလိုအပ်ကြောင်းနှင့် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ကာ ပေးအပ်ထားသည့် တာဝန်များကို လွှတ်တော်ကိုယ် စားလှယ်များမှ မဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း စသည့်အချက်များပါဝင်ပါသည်။

#SpringRevolution
#PVTV

Like – 7.4K Share – 578

Public Voice Television Facebook

Add your reaction

  1. NUG ရဲ့ လှုပ်ရှားမှုတွေဟာ စာရွက်ပေါ်မှာလို့ ပြောနေသူတွေဟာ
    နှိုင်းယှဉ်စရာ ပေတံတခုခုမရှိလို့
    မတိုင်းတာတတ်တာ ဖြစ်မယ်

    ၁၉၉ဝ ဝန်းကျင်က ဖွဲ့စည်းဖူးတဲ့ NCGUB နဲ့ ABFDF ကို မသိကြလို့ ဖြစ်တယ်

    သင်တို့ရဲ့ မိဘတွေကို မေးကြည့်ပါ

    NCGUB ဘာလုပ်သလဲ သိသလားလို့
    အများစုက မသိဘူးလို့ ဖြေကြလိမ့်မယ်

    NCGUB လူကြီးတွေဟာ ဂုဏ်သရေရှိပညာတတ် လူတော်တွေပါ။ ဒါပေမယ့်
    (၁) လူထုဆက်သွယ်ရေး မကောင်းတာ
    (၂) NLD က အားမပေးတာ
    (၃) ပြည်သူလူထု ပူးပေါင်းပါဝင်မှု မရှိတာကြောင့်

    သူတို့မှာ နိုင်ငံတကာဆက်ဆံရေး တခုပဲရှိပြီး ထိရောက်မှုအားနည်းခဲ့တယ်။

    သင်တို့ မိဘတွေ မသိကြဘူးဆိုတာ သက်သေပဲ

    နောက်တခုက ABSDF လို့ ခေါ်တဲ့ ကျောင်းသားတပ်မတော်ပါ။
    အတိုကောက် “အေဘီ “လို့ ခေါ်ကြတယ်

    သင်တို့မိဘတွေကို ပြန်မေးကြည့်ပါ။
    အေဘီ ကိုသိသလားလိူ့။

    သူတို့ က ” ကျောင်းသားတပ်မတော်ဆိုတာတော့ သိတယ်။ ခင်ညွန့်စပွန်ဆာနဲ့ ရိုက်တဲ့ ပါပီမဇာတ်လမ်းထဲကဟာတွေ လျှောက်ပြောလိမ့်မယ်”

    ဒီနေ့ခေတ် PDF လို လူမသိကြဘူး။ မြို့ပြတိုက်ပွဲ မရှိဘူး။

    ဒလန်ရှင်းတာ မရှိဘူး။ CDM ဆိုတာ လဝက်လောက်ပဲ အကုန်ရုံးပြန်တက်ကြတယ်။

    နိုင်ငံရေးဘက်မှာ ဆိုရင်

    (၁) NLD က နဝတရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်ပေးဖို့ ကို မျှော်လင့်နေတယ်။

    (၂) အာဏာပြန်အပ်နိုးနိုးနဲ့ တွေ့ဆုံဆွေးနွေးရေး (အဲဒီခေတ်အခေါ် ) ဒိုင်ယာလော့ခ် ဆိုတာ ခေတ်စားနေတယ်။ အနှစ် ၂၀ ကြာသွားတယ်။ ထောင်ထဲမှာ သေသူက သေပြီ။

    (၃) ဗကသထဲမှာ အုပ်စု သုံးခု ခွဲတိုက်မယ်လုပ်တယ်။ အေဘီတစု၊လူ့ဘောင်သစ် ပါတီတစု၊ သမဂ္ဂတစု ။ တိုက်ပွဲဟာ စုစည်းမှုပျက်နေတယ်

    (၄) NLD ဗဟို က လက်နက်ကိုင်တော်လှန်ရေးနဲ့ ကင်းကင်းနေပြီး ပြစ်မှုမရှိအောင် နေတယ်။ ဒါပေမယ့် ကျားသနားမှ နွားချမ်းသာမယ့် ကိန်းပါ။ ဘိန်းပစ်ဖမ်းတယ်။ အမှုဆင်ဖမ်းတယ်။ အမှုမရှိပဲ အမှုလုပ်ဖမ်းတယ်

    ဒီလိုနဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဘာအထောက်အပံ့၊ ဘာထောက်ခံမှုမှ မရပဲ မှေးမှိန်သွားတယ်။

    ဒီကနေ့ အခြေအနေကို နှိုင်းယှဉ်ကြည့်စမ်းပါ

    အဲဒါဆိုရင် NUG နဲ့ PDF အခြေအနေကို သိလိမ့်မယ်

    ဒီနေ့ NUG ဟာ အစိုရတရပ်ရဲ့ လုပ်ငန်းတွေကို အကုန်လည်ပတ်နေတယ်။

    လေထဲမှာ လည်လည် ၊ ကုန်းပေါ်မှာ လည်လည်၊ လည်ပတ်နေဖို့က အဓိကပဲ။

    နိုင်ငံတကာရော ပြည်တွင်းမှာပါ ချိတ်ဆက်မှုဟာ ပြည်သူ့အစိုးရဆိုတဲ့ ဂုဏ်ဒြပ်က ထုနဲ့ ထည်နဲ့ ဖြစ်နေတယ်

    NLD ကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို လျှောက်ပြီ။ ကျောင်းသားလူငယ်တွေကလည်း တိုက်ပွဲနည်းနာ မကွဲပဲ PDF ထဲ ဝင်ကြပြီ

    ” မအလနဲ့ ဆွေးနွေးပါ အာဏာအပ်နိုးနိုး ” ဆိုတဲ့ အမှားမျိုး မကျူးလွန်တော့ဘူး

    ဥပဒေပိုင်းမှာ ပြည်သူ့ရဲ့ တရားဝင်ဥပဒေတွေ ပြဒါန်းပြီး လိုက်နာနေကြပြီ။ မအလ ပါးစပ်က ထွက်တဲ့ ဥပဒေတွေဟာ ဒါးမြဗိုလ်တယောက်က ထုတ်တဲ့ အမိန့်လိုပဲ လေးစားစရာ မရှိဘူး

    ​PDF ဟာ တနိုင်ငံလုံး မိုးလုံးဖျောက်ဆိပ်ဖြစ်နေပြီ

    အရင်ခေတ်ကလို သေနတ်မရှိလို့ လည်စင်းခံမနေပဲ၊ ကိုယ်တိုင် သေနတ်လုပ် တိုက်နေပြီ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.