ဦးဇေယျာသော်ကို ဒဂုံဆိပ်ကမ်း ရတနာနှင်းဆီအိမ်ရာမှာ ဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန်…

ဦးဇေယျာသော်ကို ဒဂုံဆိပ်ကမ်း ရတနာနှင်းဆီအိမ်ရာမှာ ဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန်

NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇေယျာသော် ကို မနေ့ က နိုဝင်ဘာလ ၁၈ ရက် မှာ ရန်ကုန်၊ဒဂုံဆိပ်ကမ်းက ရတနာနှင်းဆီအိမ်ရာမှာ လက်နက်တွေနဲ့ ဖမ်းမိတယ်လို့စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သန်လျင်တံတား ၊ မြောက်ဥက္ကလာ တံတား ၊ထန်းတပင်မြို့နယ် နဲ့ ဗားကရာမီးပွိုင့် တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာဟာ ဦးဖြိုးဇေယျာသော်က စေခိုင်းတာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

မနေ့က ရတနာနှင်းဆီ အိမ်ရာ ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းမှုနဲ့အတူ ဦးဖြိုးဇေယျာသော် အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေထွက်လာပြီး တစ်ရက်အကြာမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာပါ။

ဒီလိုသတင်းထုတ်ပြန်ရာမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ ဖမ်းခံရချိန်တုန်း ကလို ဦးဖြိုးဇေယျာသော် ကိုလည်း ဒူးထောက် ကာ လက်ကို ခေါင်းပေါ် တင်ခိုင်းထားပုံ ကို စစ်ကောင်စီဟာ ရည်ရွယ်ချက် ရှိရှိ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒါအပြင် သန်လျင်တံတား ၊ မြောက်ဥက္ကလာ တံတား ၊ထန်းတပင်မြို့နယ် နဲ့ ဗားကရာမီးပွိုင့် တွေ ကို ပစ်ခတ်မှုမှာ ပါဝင်သူ လူငယ် ၄၇ ဦးကိုလည်း လက်နက်တွေနဲ့ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီလို ဖမ်းမိတဲ့ ၄၇ ဦး ထဲမှာတော့အမျိုးသမီး ၇ ဦး ပါဝင်တယ်လို့သိရပါတယ်။

NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကွဲရေးအဖွဲ့ကတော့ ဖမ်းခံရသူအရေအတွက်ဟာ ၂၀ လောက်ပဲ ရှိပြီး စစ်ကောင်စီဟာ သာမန်ပြည်သူတွေကို ဖမ်းကာ ဇာတ်လမ်းဆင်ထားတာတွေ ပါဝင်နေတယ်လို့ မီဒီယာကိုဖြေထားတာရှိပါတယ်။

Credit : People’s Spring
https://www.facebook.com/LuduNwayOo/


Add your reaction

  1. ကွန်ဒိုအနီးအနား ဌာနလုံခြုံရေးစည်း မရှိလို့လားနော်

  2. လက်နက်စွဲကိုင်တော်လှန်ပြီဆိုကတည်းကကိုယ့်ကိုသေလူးလို့သတ်မှတ်ထားမှရမယ် သေနတ်နဲ့ကျည်ရှိတာဘာလို့ခံမချလည်း မန္တာလေး ကpdf တွေခံချလို့လွတ်သွားတယ် နှိပ်စက်ရင် လုပ်ဖေါ်ကိုင်ဖက်တွေမဖေါ်နဲ့ပေါ့ နာနတ်သီးဆောင်ထားသင့်တယ်

  3. အေးငါတို့ပြည်သူတွေကလည်းစခတွေကိုပြည်သူကလူအုပ်နဲ့ဝင်ဖမ်း၊
    နိုင်ငံ့ငွေပြည်သူ့ငွေနဲ့ဝယ်ထားတဲ့လက်နက်နဲ့ပြည်သူကိုပြန်သတ်သူတွေဆိုပြီးပြန်ဖမ်း၊နောက်ပြီးဆိုင်ဆိုင်မဆိုင်ဆိုင်စခမိသားစုတွေဖမ်းသူတို့ကမိသားစုဝင်တွေဆိုပြီး၊
    ပြည်တွေကမင်းတို့လို့အကြမ်းမဖက်ချင်လို့ကြည့်နေတာ၊လက်နက်ကိုင်တွေကိုဖမ်းလေ၊သိပ်သတ္တိရှိနေရင်နိုင်ငံငွေပြည်သူ့ငွေနဲ့ဝယ်ထားတဲ့လက်နက်တွေကိုမသုံးဘဲမင်းတို့ကိုထောက်ခံနေတဲ့သူတွေဆီကအလှူငွေတွေကောက်ခံပြီးလက်နက်ဝယ်ပြန်ချ၊နိုင်ငံငွေပြည်သူ့အခွန်ငွေတွေနဲ့ဝယ်ထားတဲ့လက်နက်ကိုမသုံးနဲ့၊ဒါဆို
    မင်းတို့ကိုထောက်ခံသူတွေရဲ့ငွေနဲ့ဝယ်လေဒါဆိုတရားမယ်၊အခုဟာကနိုင်ငံငွေပြည်သူ့အခွန်ကနိုင်ငံတိုးတက်ဖို့မလုပ်ရဘဲပြည်သူ့ကိုသတ်ဖို့ပြည်သူကပေးနေရတယ်၊BSတွေ

  4. လက်နက်နဲ့မိတယ် ဆိုမှတော့ သူပစ် ကိုယ်ပစ် ရှိရမှာပေါ့ …
    ကျန်တာတော့ ကိုယ့်ဖာသာ ဆက်စဉ်းစားပါ …

  5. သူရဲကောင်း တို့ ရဲ့ သွေး
    တစ်မျိုးသားလုံးမှာ စီးဆင်းဆဲ

  6. တန်ဖိုးရှိပြီးတာဝန်သိတဲ့သူတွေအတွက်အရမ်းဝမ်းနည်းရပါတယ်။

  7. နေပြည်တော်ထဲသူတို့တွေမဲရှုံးကတည်းကအနိုင်ရတဲ့ဇေယျာသော်ကိုငြှိုးနေကြတာ၊အခုပြန်လက်စားချေနေတာပါ။

  8. ပြည်​သူ့ အချစ်​​တော်​ကို ပြည်​သူ​တွေပြန်​ကယ်​ရမယ်

  9. ဘေးကင်းပါစေအမြန်ဆုံးလွတ်မြောက်ပါစေထိခိုက်မူနာကျင်မူမရှိဘဲလွတ်မြောက်ပါစေ

  10. ပြည်သူ့ဒေါသတွေ မထိန်းချုပ်နိူင်တော့ဘာဆက်ဖြစ်မလဲ စကစ

  11. သူတို့သတင်းတွေကိုပြည်သူတွေကဖင်ကြားတောင်မညှှပ်ကြဘူး

  12. စိတ်မကောင်းဘူး အစ်ကိုရယ် , ဆုံးရှုံးမှု အရမ်းကြီးမားတယ် အစ်ကိုရော ကိုဂျင်မီရော

  13. စစ်တပ်က ထုတ်တဲ့သတင်းက စာမတတ် ခေါင်းမပါတဲ့ ဟာတွေလောက်ပဲယုံမယ်….

  14. လုပ်ဇာတ်တွေခင်းနေပြန်ပြီ (ခသတစ )တွေ
    မြန်မြန်ကျဆုံးစေ (စကစ) စခအားလုံး..

  15. ဘဝမှာ ခေါင်းမော့ရင်ကော့ပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ခဲ့တဲ့ လေးစာအတုယူထိုက်တဲ့ ခေါင်းဆောင်

  16. စခတွေဗျုဟာပြောင်းသွားပြီ ယခင်ကင်း
    အသေးလေးတွေချထားတာမြို့ပြပြောက်ကြားအဖျွဲ့တွေကအမှဲ့ခြွေခြွေနေတာ
    သိသွားလို့ထင်တယ် ခွေးတွေဂူထဲပြေးအောင်းနေတယ်
    ဂူထဲကနေအနံ့ခံတယ် အနုံဆိုတာအရပ်ဝတ်နဲ့လွှတ် ထားတဲ့ခွေးတွေ အနံရမှဂူထဲကအလုံးအရင်းနဲ့ထွက်ပြီးဖမ်းတယ် တန်ပြန်စနစ်ကိုလုပ်နေပုံရတယ် နာမည်ထွက်ထားတဲ့ဒလန်တွေနားမှာ
    အရပ်ဝတ်တွေနဲ့ရှိနေတတ်တယ် အဲဒီ
    ကောင်တွေကတိုက်ဖို့အတွက်မဟုတ်ဘူးနောက်ယောင်ခံဖို့ ဓာတ်ပုံယူဖို့ပဲ
    အဲတော့သူတို့တပ်ကလူမသေဘဲလိုချင်တဲ့သတင်းရမယ်ဒလန်ကိုငါးစာထားလိုက်တာဒလန်သေတာကိုသူတို့ဂရုမစိုက်ဘူး အဲတော့ကို့ဘက်ကလဲတန်ပြန်
    အစီအစဉ်ချပြီးလုပ်ဖို့လိုပြီ
    ပြောက်ကြားအဖွဲ့ကအနံပေးအနံရလို့
    ခွေးတွေထွက်လာရင်PDFကစစ်ဆင်
    ဆုပ်လမ်းမှာပြောက်ကြားကမိုင်းထောင်
    ဆရာလုပ်တာတော့မဟုတ်ပါဘူးအင်အားဖြည့်ပေးတယ်လို့သဘောထားပါ

  17. လက်​နက်​ကဘယ်​သူ့လက်​နက်​လဲအိမ်​ရှင်​ပြည်​သူ​တွေကိုမနှိပ်​စက်​ရန်​ဆိုသည့်​ပြုလုပ်​ရရင်​​ကောင်းမည်

  18. ဒဂုံဆိပ်ကမ်းမှာမှသွားနေရတယ်လို့ကွာ ဇိုးလိုလိုဘာလိုလို ရဲခွေး လောက်‌ေကာင်တွေပေါတဲ့ အရပ်

  19. CDM အယောင်ဆောင်တွေကိုသတိထားကြရမယ်။
    အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေ။

  20. ဖြိုးဇေယျာသော်တို့မှာလက်နက်မရှိလို့လားလက်နက်ဆောင်ထားသင့်တယ်ခုဖမ်းသွားတာကိုဖြိုးဇေယျာအပါအဝင်၄၀
    ကျော်လို့ပြောတယ်
    ကြက်ကလေးငှက်ကလေးဖမ်းသလိုပဲလွယ်လိုက်တာသူ​သေကိုယ်သေ
    ပြန်ဆော်ပြစ်ရမှာ

  21. စိတ်မကောင်းဘူးဗျာအမြန်ဆုံးလွတ်မြောက်ပါစေဘေးလဲကင်းပါစေ🙏🙏🙏

  22. စကစလိမ်နေတာ ဇေယျာသော်မှမဟုတ်တာမိတာကisis ကောင်ရဲ့ပုံကြီး

  23. လက်ရှိ လွှတ်တော်ကိုယ်စားလှယ်သူရဲကောင်း ဦးဖြိုးဇေယျာသော် ဘေးရန်ခပ်သိမ်း ကင်းဝေးပါစေ ဖမ်းတဲ့သူတွေမှာ အပြစ်ရှိတယ်

  24. တစ်လမ်းတည်းလျောက်တာချင်းတူတာတောင် ဟိုဘဲကတော့ Mar လကတည်းကအစိမ်းသေသွားပြီ ဦးဖြိုးဇေယျာသော်အန္တရာယ်ကင်းစေဖို့ပဲဆုတောင်းပါတယ် လူတွေလည်း လွမ်းရင်း ဆွေးရင်း တွေးရင်း ငေးရင်းနဲ့ အမှောင်ထဲကနေလွတ်အောင်ရုန်းရဦးမယ် ဦးရေ

  25. ဒီကောင်တွေလူ့ဘဝမှာလူလာဖြစ်တာကိုကငါတို့ပြည်သူတွေကံဆိုးတာ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.