ဥကရစ်ထတိုက်ပွဲအတွက် ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေ ပေါင်းပြီး ဘတ်တစ်သန်းထောက်ပို့လုပ်
ဇွန် ၃၀ ၊ ၂၀၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းကို KNDO ၊ ကော်ဘရာစစ် ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်နေရာ ဒီနေ့မှာတော့ ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေပူးပေါင်းပြီး ဘတ်တစ်သန်းကို ထောက်ပို့ပြုလုပ်သွားမှာဖြစ်တယ်လို့ Click2donate က ထုတ်ပြန်လိုက်ပါတယ်။
‘ဥကရစ်ထကို သိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအတွက် C2D/Thadin/P2D တို့ပေါင်းပြီး ဘတ်တစ်သန်း (သိန်း၆၀၀) ပို့မယ်ခင်ဗျာ။ အောင်ပွဲရဖို့ ဆုတောင်းနဲ့အားပေးနေလို့ မရဘူးမို့လား’ လို့ Click2donate က ဖော်ပြလိုက်တာ ပါ။
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အများအပြားကျဆုံးမှုတွေရှိနေသလို တော် လှန်ရေး တပ်သားတွေဘက်ကလည်း ကျဆုံးမှုအနည်းငယ်ရှိထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က လေယာဉ်တွေက ထိုင်းနိုင်ငံဘက်ထဲကိုတောင် ခပ်နိမ့်နိမ့် ပျံသန်းမှုတွေပြုလုပ်ပြီး ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ထိုင်းပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံရဲ့ တခ်ခရိုင်အတွင်းက ပုပ္ပရမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေခပ်နိမ့်နိမ့်ပျံသန်း မှုတွေကို ထိုင်းပြည်သူတွေက ဗီဒီယိုရိုက်ပြီး လူမူကွန်ရက်တွေပေါ်တင်က ဒေါသထွက်နေရတဲ့အကြောင်း ရေးသားမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။
အဲဒီလိုပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်တွေက ပစ်လို့ ထိုင်းနိုင်ငံသားတစ်ဦးရဲ့ ယာဉ်ကို ထိမှန်ပျက်စီးမှုတွေရှိခဲ့ပါ တယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းကို KNDO ၊ ကော်ဘရာစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး (PDF) တွေပူး ပေါင်းပြီး ဇွန် ၂၆ ရက်ကတည်းက စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။
ဗီဒီယို – ထိုင်းပြည်သူတစ်ဦးက အကြမ်းဖက်စစ်တပ်လေယာဉ် ကျူးကျော်ပျံသန်းလာတာကို မှတ်တမ်းရိုက်ထားစဉ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။