ဥကရစ်ထစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KNDO, KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ပြင်ဆင်လျက်ရှိ
ဇွန် ၂၈၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ ဥကရစ်ထစခန်းကို KNDO ရဲ့ VENOM စစ်ကြောင်းက ဇွန်လ (၂၅) ရက်နေ့ကတည်းက စတင်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေနဲ့ပါ ပြန်လည်ခုခံနေတာကြောင့် စခန်းသိမ်းနိုင်ဖို့အရေး ကြန့်ကြာမှုတွေရှိနေတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဗိုလ်ကြီးတာပေါဦးဆောင်တဲ့ Cobra စစ်ကြောင်းကပါ ပူးပေါင်းတိုက်ပွဲဝင်နေပြီဖြစ်ပြီး KNDO, KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ပြင်ဆင်နေပြီဖြစ်တယ်လို့ မြဝတီ ကော့ကရိတ် စစ်ဆင်ရေး ပူးတွဲစစ်ကြောင်း ကွပ်ကပ်ရေးမှူးတွေထဲက တစ်ဦးဖြစ်တဲ့ တပ်မဟာ(၆) တာဝန်ခံ ဆာကပေါ်က PVTV ကိုပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက လတ်တလောလိုအပ်ချက်အရ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ထံကို စစ်အသုံးစရိတ်အဖြစ် ထိုင်းဘတ် ၁သန်း(မြန်မာငွေ သိန်းငါးရာကျော်) ကိ ဒီနေ့ မနက်ပိုင်းမှာပဲ ပေးပို့ထားတာလဲဖြစ်ပါတယ်။
ဓါတ်ပုံ – မြဝတီ ကော့ကရိတ် စစ်ဆင်ရေး ပူးတွဲစစ်ကြေင်း ကွပ်ကဲရေးမှူးများ