“အောင်ပွဲဆီသို့ ခြေလှမ်းညီစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူ့တော်လှန်ရေးမိသားစု အစီအစဉ်မှာ စတင်ပါဝင်ကူညီထောက်ပံ့နိုင်ပြီ

“အောင်ပွဲဆီသို့ ခြေလှမ်းညီစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူ့တော်လှန်ရေးမိသားစု အစီအစဉ်မှာ စတင်ပါဝင်ကူညီထောက်ပံ့နိုင်ပြီ

ဒီဇင်ဘာလ ၁၂၊ ၂၀၂၁

နွေဦးတော်လှန်ရေးကြီး အဆုံးသတ်အောင်ပွဲပြီးဆုံးသွားတဲ့ အထိ တိုက်ပွဲဝင်နိုင်ဖို့အတွက် တိုက်ပွဲဝင်သူရဲကောင်းတွေကို လစဉ်လတိုင်း ထောက်ပံ့ဖြည့်ဆည်းပေးမယ့် ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဉ်မှာ စတင်ပါဝင်ကူညီထောက်ပံ့နိုင်ကြပြီဖြစ်ကြောင်း CRPH – OFP Fundraising Program လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့တော်လှန်ရေးမိသားစုဝင်ဖြစ်ဖို့ လျှောက်ထားရာမှာ ကမ္ဘာ့အနှံ့မှာရှိတဲ့ OFP Fundraising Program တွေကနေ တဆင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ လျှောက်သူတွေရဲ့ နာမည် ဒါမှမဟုတ် Nickname နဲ့ အီးမေလ်လိပ်စာတွေ ပေးပို့လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ PRF အဖွဲ့ဝင်ဖြစ်ပြီဆိုတာနဲ့ အသိမှတ်ပြုမှတ်ပုံတင်ကဒ်ကို အီးမေလ်ကနေ ထောက်ပံ့ငွေထည့်ဝင်တဲ့လတိုင်းအတွက် ပေးပို့နေမှာဖြစ်ပြီး
Official Fundraiser များစာရင်းကို ဒီလင့်ခ်မှာ https://ofp.crphmyanmar.org ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ တလကို အမေရိကန်ဒေါ်လာ ၅၀ ကနေ အနည်းထားပြီး တစ်ဦးချင်း ဒါမှမဟုတ် စုပေါင်းပြီး ပြည်သူ့တော်လှန်ရေးမိသားစု အဖြစ်ပါဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ လစဉ်တိုင်း ၁ ရက်နေ့ ရောက်တာနဲ့ အလှူငွေထည့်ဝင်ဖို့ အသိပေးအကြောင်းကြားစာကို အီးမေလ်ပို့ပေးသွားမှာဖြစ်ပြီး တလနဲ့ တလ မတူတဲ့ ပမာဏကိုလဲ Fundraiser က တဆင့် ပြောင်းလဲလှူဒါန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဉ်မှာ လစဉ် အဖွဲ့ဝင်ဦးရေ ၅ သိန်းအထိ လက်ခံမှာဖြစ်ပြီး အဖွဲ့ဝင်ပြည့်သွားရင် အဲဒီလအတွက် ထပ်မံလက်ခံတော့မှာ မဟုတ်ပါဘူး။ ဒါအပြင် လှူဒါန်ပေးတဲ့ လှူရှင်များတွေအတွက် Digital Member Card ကို အီးမေလ်ကနေ ပေးပို့မှာဖြစ်ပါတယ်။

နိုင်ငံအလိုက် ငွေလဲနှုန်းထားများအတိုင်း လှူဒါန်းလိုတဲ့ ပမာဏကို Fundraiser က တွက်ချက်ပေးမှာဖြစ်ပြီး
အလှူရှင်နာမည်တူတာမျိုးရှိနိုင်တဲ့အတွက် Member Card နံပါတ်နဲ့ပဲ ရှာဖွေ အတည်ပြုမှတ်သားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပထမဦးဆုံး အဖွဲ့ဝင် အသစ်အနေနဲ့ ကိုယ်ကြိုက်တဲ့ရက်မှာ စတင်လှူဒါန်းနိုင်ပြီး အဖွဲ့ဝင်ဖြစ်သွားပြီဆိုရင်တော့ နောက်လတွေ လစဉ် ၁၅ ရက်နေ့နောက်ဆုံးထား လှူဒါန်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

PRF အဖွဲ့ဝင်တွေ လစဉ်လှူဒါန်းတဲ့အလှူငွေတွေကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးပြီး ပြည်သူ့တော်လှန်ရေးအဖွဲ့တွေကို ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ဒီတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတာကြောင့် မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက်များကို အဓိက ဖြည့်ဆည်းပေးသွားမယ်လို့ သိရပါတယ်။

ပြည်သူအားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ နွေဦးအောင်ပွဲ အမြန်ဆုံးရောက်ဖို့ ကမ္ဘာအနှံ့က ပြည်သူ့တော်လှန်ရေးမိသားစုဝင်တွေအနေနဲ့ လက်တွေမြဲမြဲတွဲလို့ ခြေလှမ်းညီညီ လျှောက်လှမ်းကြဖို့ နှိုးဆော်တိုက်တွန်းတယ်လို့ ဆိုပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.