“အောင်နိမိတ်တေး’’…


“အောင်နိမိတ်တေး’’
အောင်နိမိတ်ကိုတည် အောင်စိတ်မွေးလို့လှမ်းခဲ့ပြီ
ခံယူချက်တွေ တူညီ ခံယူချက်တွေညီညီ
ခံစားချက်ကို ဦးမတည် သေချင်သေနိုင်သည် ဒါလည်း ဒို့မမှုပြီ
ဖက်ဒရယ်နိုင်ငံတော်ကို ငါတို့သွေးသားများဖြင့်တည်
ကမ္ဘာကိုကြေညာမည် … ဟေ့
(အားပြည့် ဓားမြည့်ရင် ပွဲသိမ်းဖို့
အားမွေးဓားသွေးစို့)၂
အောင်စိတ်ကိုချီ အောင်နိမိတ်များအတွက် လှမ်းခဲ့ပြီး
လူ့အခွင့်အရေးတွေ တူညီ
လူ့အခွင့်အရေးတွေ ညီညီ
ခံစားရဖို့ အရေးကြီးသည် သေချင်သေနိုင်သည် ဒါလည်း ဒို့မမှုပြီ
ဖက်ဒရယ်နိုင်ငံတော်ကို ဒို့တိုင်းရင်းသားများဖြစ်တည်
ကမ္ဘာကိုကြေညာမည် … ဟေ့
#SpringRevolution
#PVTV

Like – 15K Share – 2102

Public Voice Television Facebook

Add your reaction

  1. ဆရာ မင်းလူ သမီး၊ မောင်ဝဏ္ဏနဲ့ ဦးသုမောင်ရဲ့ တူမ၊ ဆရာသာဓု မြေး ပီသလွန်းတဲ့ ယုယရဲ့ စာ
    ================

    ကျွန်မ အဘိုးက မော်တော်ကား စိတ်ဝင်စားသူ ၊ ကားအကြောင်း နားလည်သူ၊
    ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ရုံတင် မဟုတ်။
    ကားတစီးလုံးနီးပါး ဖြုတ်/တပ် သူ ၊ပြင်တတ်သူပါ ။
    တနေ့ ကျွန်မ အဘိုးနဲ့ သူ့သားတယောက် အပြင်သွားကြတယ်။
    အဘိုးက ကားမောင်းတယ်။ သူ့သားက ဘေးကလိုက်စီးတာပေါ့။
    အဘိုးက နားလေးပေမယ့် အင်မတန် မျက်စိလျင်သူဆိုတော့ သူ့သား ခြေထောက်တွေက ဘာလုပ်နေလဲ သိတယ်။ ကားကို ရပ်လိုက်တယ်။
    သား .. မင်းမောင်းမလားလို့ မေးတယ်။ ကျွန်မဘကြီးက ကြောင်သွားတာပေါ့။ ဘာလို့လဲ ဖေဖေ ဆိုတော့မှ၊ ငါမောင်းနေတာကို ဘေးကလိုက်စီးပြီး မင်း ဘရိတ်တွေ
    နင်း နင်းနေတာ ငါမြင်တာပေါ့တဲ့။
    သက်တောင့်သက်သာစီးစမ်းပါကွာ ဆိုပြီး လိုရာခရီးဆက်ကြတယ်။
    (ကားမောင်းတတ်သူ တော်တော်များများ သူများမောင်းတာ ရှေ့ခန်းကစီးရင် အဲလိုပဲ ဘရိတ်လိုက်လိုက်နင်းတတ်တယ်လေ။)
    အခု ကာလမှာလည်း ဒီလိုပဲ ကားအကြောင်း နည်းနည်းပါးပါး နားလည်သူတွေ၊မောင်းတတ်သူတွေက ဘေးကနေ ထိုင်ပြီး ဘရိတ်တွေ ဝင်ဝင်နင်းတယ်။
    (ကိုယ်တိုင်ဝင်မောင်းလား ဆိုတော့လည်း မမောင်းဘူး။)
    ခြေထောက်တင် ဘရိတ်လိုက် နင်းတာမဟုတ်ဘူး။ ပါးစပ်ကလည်း ဟိုကွေ့ပါလား၊ လီဘာပုတ်ပါလား၊ ကျော်တက်ပါလားနဲ့ ဝင်ပြောသေးတာ။
    ဒီကာလမှာ သက်တောင့်သက်သာလိုက်စီးပါ။
    အန္တရာယ်ရှိရင် သတိပေးပါ။
    ကားဆီကုန်ရင် ဝိုင်းဖြည့်ပေးပါ။
    ကားရပ်သွားရင် ဝိုင်းတွန်းပေးပါ ။
    ကား မောင်းတတ်သူတွေ အေးဆေး မောင်းပါစေလေ။
    Burma News Media

  2. တခုဘဲ မကြိုက်တာ
    သေချင်သေနိုင်သည် ဆိုတဲ့ စာသားလေးပါ
    G ဇီ တွေ/ PDF တွေ /ပြည်သူ့ဘက်က ရပ်တည်
    ပေးနေသော သူမှန်သမျှကို အသက်တစ်ချောင်း
    ပင် အဆုံးရှုံးမခံနိုင်ပါ

  3. PDF စစ်ချီတေးတွေဆိုရင်တော့ ပိုပြီးတော့ ကြွနေသင့်တယ်၊ PDF အများစုက လူငယ်တွေပဲ ၊ လူငယ်နားနဲ့ ကိုက်တဲ့ သီချင်းမျိုးတွေ ပိုမိုထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ် 🙌🏽

  4. အောင်ပါစေ အောင်ကိုအောင်ရမည်။နိုင်ကိုနိုင်ရမည်

  5. အရေးတော်ပုံ
    အောင်ရမည်
    အောင်ကိုအောင်ရမည်၊💯👍👍👍

  6. သီချင်းတွေကလည်း ဂေါ်ထွက်နေတာဘဲ ဒီမိုကရေစီဘက်ရပ်တဲ့သူတွေက တကယ့်ရှယ်တွေဘဲရပ်တာဆိုပြီး သဘောတွေကျနေတာ PDF အတွက်ဆိုပြီး ထွက်လာတဲ့သီချင်းက ဒါနဲ့ဆို၃ပုဒ်နားထောင်ပြီးပြီ ဂေါ်ထွက် တောကျ အဆိုတော်တွေက MRTV က ဂျလုံးပလုံးအသံနဲ့ လေတယ်ကွာ

  7. အရေးတော်ပုံ အောင်ရမည်
    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းပါစေ အဆင်ပြေချောမွေ့ပါစေ နတ်ကောင်း နတ်မြတ်များ စောင့်ရှောက်ပါစေ

  8. ထာဝရ လေးစားပါတယ် စည်းလုံးညီညာအောင်ကြောင်းဖြာဘယ်သူခွဲခွဲဒို့မကွဲအမြဲစည်းလုံးမည်အရေးတော်ပုံအောင်ကိုအောင်ရမည်သွေးသည်ရေထက်ပျစ်သည်ကမ္ဘာတည်သ၍သွေးမကွဲကြေး

    အားလုံးကသွေးရင်မြန်မာတွေပါပဲ

    ကမ္ဘာတည်သ၍ သွေးခွဲစကားပြောတဲ့လူလူမျိုးရေးဘာသာရေးနဲ့မှိုင်းတိုက်သူမှန်သမျှငါတို့ပြည်သူတွေရဲ့ဘုံရန်သူပါ

    အနာဂတ်မျိုးဆက်ဘဝလှဖို့စုပေါင်းအားနဲ့တိုက်ထုတ်ကြပါစို့

    နေရာကအဓိကမဟုတ်ကိုယ့်ရဲ့လုပ်ရပ်ကကိုယ်ဘယ်လောက်ပေးဆပ်အနစ်နာခံမလဲဘယ်လောက်အများအကျိုးကိုလိုလားသလဲဆိုတာကလူတိုင်းရဲ့တန်ဖိုးပါ

    ယူရင်လေးတယ်ပေးရင်ပေါ့တယ်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.