အောက်တိုဘာ ၆ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

အောက်တိုဘာ ၆ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=====================================

⚠ KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်များက ကျူးကျော်ရန်ကြိုး စားလျက်ရှိရာ ကော်ဘရာစစ်ကြောင်း အပါအဝင် ပူးပေါင်းတပ်များနှင့် စစ်ကောင် စီတပ်အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မြဝတီ – ဝေါ်လေ လမ်းမပေါ်ရှိ မြွေသုံးကောင် ကုန်းနှင့် ဖလူးစခန်းတွင် အခြေပြုထားသော စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ဖြင့် ယနေ့ အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် မှ မွန်းလွဲ ၂ နာရီခွဲ ခန့်အထိ ပစ်ခတ်ခြင်း အပါ အဝင် တိုက်ပွဲများဖြစ်ပွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ ထို့အတူ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ကို ကော်ဘရာပူး‌ပေါင်းစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ အောက်တိုဘာ ၅ ရက်နေ့လယ်ပိုင်းတွင် လက်ဖြောင့် စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း သိရှိရပါတယ်။

⚠ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ ​ရွှေ​ပေါ်ကုန်း​​ကျေးရွာအနီးတွင် အောက် တိုဘာ ၄ ရက်​နေ့ နံနက်ပိုင်း အင်အား ၄၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်​ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်​ရေးတပ်တို့ နှစ်ဖက်ထိ​တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့​ကြောင်း သိရသည်။ သဖန်းဆိပ်ဆည်ရဲကင်းစခန်း(ဆင်စွယ်စခန်း)တွင်တပ်စွဲထား​သော စစ်အုပ်စု နှင့် ပျူစောထီးများ ပူး​ပေါင်းကာ အင်အား ၄၀ ဝန်းကျင်ခန့်ဖြင့် သဖန်းဆိပ်ဆည်အနီးရှိ ​ရွှေ​ပေါ်ကုန်းရွာဘက်သို့ စစ်​ကြောင်းထိုးဝင်​ရောက်လာစဥ် ပြည်သူ့ကာကွယ်​ရေးတပ်များ နှင့် တစ်နာရီ​နီးပါး အနီးကပ်ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်ကြောင်း ၊ အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်​ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း ​သေဆုံးသွား​သည့်အပြင် စစ်​ကောင်စီဘက်မှ အခြားအရာရှိ ၁ ဦး ​အပါအဝင် ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိသွား​ကြောင်း ဒေသသတင်းရင်းမြစ် Infinity Group ထံမှ သိရှိရပါတယ်။

⚠ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ်၊ အောင်သပြေကျေးရွာအနီးရှိ စစ်အင်အား ၇၀ ကျော် လုံခြုံရေးချထားသော စစ်ကြောင်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ် အချိန် နတ်ဆိုး မြေ အောက် တော်လှန်ရေးအဖွဲ့၊ MRF ၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာ)၊ MDY PDF (Moongoose Squadron) တပ်ခွဲ၊ ဇာမဏီ ပြည်သူ့ကာကွယ်‌ေ်ရးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာ့ွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို ဝင်ရောက်တိုက်ခိုက်ကြကြောင်း၊ မြေပြင်အခြေအနေများကို ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်‌ကြောင်း နတ်ဆိုးအဖွဲ့က ဆိုပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.