အောက်တိုဘာ ၅ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

အောက်တိုဘာ ၅ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
============================================

⚠ ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေ၊ မြဝတီ – ဝေါ်လေ ကားလမ်းမကြီးအနီး လူခို့(ဒေသအခေါ်) နေရာမှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ အောက် တိုဘာ ၄ ရက် နေ့လယ် ၂ နာရီလောက်ကစတင်ပြီး စစ်ကောင်စီရဲ့ တပ်မ ၄၄၊ နည်းဗျူဟာ ၄၄၁ လက်အောက်ခံ ခမရ ၁၀၂၊ ခလရ ၈၊ ခမရ ၁ အပြင် ခလရ ၂၀၇ က တပ်ကူအနေနဲ့ ပါဝင်လာပြီး နယ်မြေကျော်ဝင်ရောက်ဖို့ကြိုးစားလာတဲ့အတွက် KNLA တပ်ရင်း ၂၇ ကော်ဘရာပူးပေါင်း စစ်ကြောင်း၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ ၂ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ညနေ ၃ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူစာရင်းကို အတည်ပြုစုံစမ်းဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲတွေဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

⚠ ပလက်ဝမြို့နယ်မှာ အောက်တိုဘာ ၄ ရက်မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များပြားတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပလက်ဝမြို့အောက်ဘက်က တဲမဝရွာနားမှာ မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက် ပွဲဖြစ်ရာနေရာကို ကျောက်တော်အခြေစိုက် ခမရ ၃၇၄၊ ၃၇၆ တို့က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ကြပြီး တိုက်ပွဲမဖြစ်တဲ့ နေရာတွေကိုလည်း စခက(၉)တပ်မက နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံထံကသိရပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ အခုနှစ် သြဂုတ်ကစတင်ကာ တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်းမှာ မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

⚠ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့ ၅ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကျားတက် ရဲစခန်းကို အောက်တိုဘာလ ၂ ရက် နံနက် ၆ နာရီခန့်တွင် Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း၂ ၊ ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A) စသည့် ညီနောင် မဟာမိတ်အဖွဲ့များက ၅ နာရီကျော်ကြာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရတာပါ။ အဆိုပါ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပထမ စစ်ကြောင်း၏ တိုက်ခိုက်မှုကြောင်း ရဲ ၅ သေဆုံးခဲ့ပြီး G2 သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဒုတိယ စစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် ရဲစခန်းထဲရှိ ဘန်ကာ ၃ ခုကို ထိမှန်ခဲ့ပြီး ရှေ့ထွက် ဘန်ကာများရှိ စက်အထိုင် ၂ ခုမှ တစ်ခုကို ထိမှန်ခဲ့ကာ ပျက်စီးခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း စခန်းတွင်းမှ ရဲ ၁၀ ဦးခန့် သေဆုံးကာ အနည်းဆုံး ၁၈ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ SSTF အဖွဲ့မှ ရဲဘော် ပိန္နဲစေ့ နှင့် ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ဝလုံးတို့လည်း တိုက်ပွဲ အတွင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.