အောက်တိုဘာ ၄ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

အောက်တိုဘာ ၄ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
============================================

⚠ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို PDF ၊ KNDO နှင့် KPDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၃ ရက်၊မွန်းလွဲ(၂)နာရီခွဲခန့်အချိန် မြိတ်ဘက်မှ ပုလောသို့ဦးတည်တက်လာသော စစ်ကား ၂ စီးနှင့် လမ်းကင်းယူပေးနေသောစစ်ကား တို့ကို KNDO/PDF ပူး ပေါင်းတပ်ဖွဲ့များက ပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုပစ်ခတ်မှုတွင် စစ်ကား ၂ စီး ပျက်စီး၍ စစ်သားများ ၂၀ ကျော်သေဆုံးခြင်းဖြစ်ကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်တွင် KNDO၊KPDF၊PDF၊ ပုလော(ပကဖ)နှင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့တို့ တူတကွပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းနောက် မြိတ်ဘက်က ဦးတည်တက်လာခဲ့သော စစ်ကား ၂ စီးကို ပုလော(ပကဖ)၏ အဖွဲ့ဝင်ဖြစ်သည့်အရိပ်ပြောက်ကြားတပ်ဖွဲ့ (PSGF)ရဲဘော်များ ထပ်မံမိုင်းခွဲတိုက်ခိုက်ရာ၌ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုနှစ်ကြိမ်တွင် စကစတပ်သား(၂၀)ဦးကျော်သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်း၊ စစ်သား အလောင်းများကို အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန် တွင်စစ်ကား ၂ စီးဖြင့် ပြန်လည် သယ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

⚠ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစျေးတွင် ယမန်နေ့ သေ နတ်လွယ်ပြီး စျေးဝယ်ထွက်လာသည့် ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ သေနတ် ၄ လက် သိမ်းဆည်းခံလိုက်ရကြောင်း ရဲသတင်း ရင်းမြစ် နှင့်ဒေသခံများထံမှ သိရှိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး နံနက်ခင်းစျေးသို့ ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးဖြစ်ကြသည့် ရဲ ဒုတပ်ကြပ် ညီညီထွေး ၊ ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နှင့် ရဲတပ် သား ဇင်ကိုဖြိုးတို့ သေနတ်များ လွယ်၍ စျေးဝယ်ထွက်လာကြကြောင်း၊ ရဲ ၄ ဦးကို ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ပြီး ရဲ ၄ ဦးလုံး သေဆုံးကာ လက်နက် ၄ လက်နက်ကို သိမ်းဆည်းသွားကြောင်း သိရှိရတာပါ။

⚠ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကမ်းပြိုဒေသတွင် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးပါ ထောက်ပို့ရေယာဉ် ၁၃ စီး အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့များက အောက်တိုဘာလ ၃ ရက် ယမန်နေ့၌ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထောက်ပို့သင်္ဘောတစ်စီး မီးလောင်သွားပြီး စစ်သား ၁၅ ဦး သေဆုံးကြောင်း ကျောက်လုံးကြီး PDF က ထံမှ သတင်းရရှိပါတယ်။ မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

⚠ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာအနီး စက် တင်ဘာလ ၂၉ ရက်နေ့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA တပ်ရင်း ၁၇နှင့် နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲများနှင့်အတူ Saw Dragon Drone Force – SDDF တပ်ဖွဲက ဒရုန်းဖြင့် ဗုံးသုံးလုံးကျဲ တိုက်ခိုက်ခဲ့ရာ ၂လုံးထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ ဆက်လက်၍ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅နာရီအချိန် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းနှစ်ခွတံတားရှိ စစ်ကောင်စီရဲကင်းစခန်းကို ဗုံး၂လုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး တပ်ကြပ်(သုံးရစ်) တစ်ဦးနှင့် တပ်သား ၃ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ စစ်ဆင်ရေးနှစ်ရပ်လုံး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် ရဲဘော်အားလုံးအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း Saw Dragon Drone Force – SDDFမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.