အောက်စီဂျင် ပြတ်နေတဲ့ ကဗျာ
လေထုညစ်ညမ်းခြင်း
ရေထုညစ်ညမ်းခြင်းထက် ဆိုးရွားတဲ့
အာဏာ ညစ်ညမ်းခြင်း ကြောင့်
အသက်ရှူ မဝသော ဘဝပေါင်းများစွာ။
အောက်စီဂျင်ရမလား
အောက်စီဂျင်ရမလား
အောက် .. စီ .. ဂျင် .. ရမလား
မေးရင်းနဲ့ ပြန်မထူးနိုင်တော့တဲ့အခါ
အောက်စီဂျင် ထိုးကျအောင်
စနစ်ဆိုးက ထိုးချ သွားတာ မမေ့နဲ့။
မင်းတို့ အာဏာရူးတစ်စုရဲ့
အောင်မြင်မှု တစက်မှ မရှိတဲ့ အမှိုက်ပုံကြီးမှာ
လှိုင်နေတာက မနာလိုခြင်း အနံ့ဆိုးတွေ
စောက်သုံးမကျခြင်းတွေ
ရူးနှမ်း ထင်ရာစိုင်းကြခြင်းတွေ ..။
ညီမင်းနိုင်
#SpringRevolution
#PVTV
Like – 4.6K Share – 432