အီတလီနိုင်ငံမှာ မြန်မာနိုင်ငံအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ရန်ပုံငွေ စျေးရောင်းပွဲပြုလုပ်
မတ် ၁၅ ၊ ၂၀၂၂
အီတလီနိုင်ငံ၊ ရောမမြို့အနီးက Maria Madre della Divina Grazia မှာ မြန်မာနိုင်ငံအတွက် ဘာသာပေါင်းစုံ ဆု တောင်းပွဲနဲ့ ရန်ပုံငွေစျေးရောင်းပွဲတော်ကို ပြီးခဲ့တဲ့ စနေနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဘာသာပေါင်းစုံ ဆုတောင်းပွဲမှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဂျူး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းဖို့အ တွက် ဆု တောင်းပေးခဲ့ကြပါတယ်။
အဆိုပါပွဲကို အီတလီနိုင်ငံရောက် မြန်မာအသိုင်းအဝန်းနဲ့ အီတလီနိုင်ငံရဲက ဘာသာရေးမိသားစုတွေ တက်ရောက် ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆုတောင်းပွဲနဲ့ ရန်ပုံငွေစျေးရောင်းပွဲကို လူဦးရေ ၁၀၀ ကျော်တက်ရောက်လာခဲ့ပြီးတော့ စုပေါင်းပြီး ဆုတောင်းပွဲ တွေပြုလုပ်တာ၊ ကရင်ပြည်နယ်အတွက် ရန်ပုံငွေစျေးရောင်းပွဲတွေ ပြုလုပ်တာတွေမှာ ပါဝင်ခဲ့ကြတယ်လို့ ဆို ပါတယ်။
မြန်မာနိုင်ငံအတွက် ဘာသာရေး ဆုတောင်းပွဲနဲ့ ရန်ပုံငွေစျေးရောင်းပွဲတော်ကို Maria Madre della Divina Grazia ဘုရားရှိခိုးကျောင်းက အဓိက ပံ့ပိုးကူညီလုပ်ဆောင်ပေးခဲ့ကြတာပါ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။