အိုးရှင်းစင်တာအနီး ယာဉ်ထိန်းရဲကင်း ဗုံးခွဲတိုက်ခိုက်မှုကို Yangon UG Association(YUA)ရဲ့ အောင်မင်္ဂလာစစ်ဆင်ရေး ကပြုလုပ်
ဇူလိုင် ၁၂ ၊ ၂၀၂၂
ရန်ကုန်မြို့ ၉ မိုင် အိုးရှင်းစင်တာအနီးက ယာဉ်ထိန်းရဲကင်းကို မနေ့ည ၈ နာရီကျော်အချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်ကို Yangon UG Association(YUA)ရဲ့ အောင်မင်္ဂလာစစ်ဆင်ရေး ကပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို ပြစ်မှတ်ထား တိုက်ခိုက်မှုပြုလုပ်ခဲ့တာ အဆိုပါ တိုက်ခိုက်မှုကို Special Nway Oo(SNO) နဲ့ GOD’s HAND FORCES(GHS) တို့ က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မနေ့ညက ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ တောင် ဥက္ကလာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံနဲ့ အရှေ့ဒဂုံတွေမှာ ဖြစ်ပွားခဲ့တာလို့ ရန်ကုန်မြို့ခံတွေရဲ့ မှတ်ချက်ကို ကိုးကား ပြီး ခေတ်သစ်သတင်းဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။