အိုမိုင်ခရွန်နဲ့ ကိုဗစ်ရောဂါလက္ခဏာခံစားနေရသူတွေအခမဲ့ ပြသနိုင်တဲ့ တယ်လီကျန်းမာအစီအစဉ်
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၂
အိုမိုင်ခရွန် (Omicron) နဲ့ COVID-19 ရောဂါလက္ခဏာ ခံစားနေရသူတွေအနေနဲ့ တယ်လီကျန်းမာအွန်းလိုင်း အခမဲ့ဆေးခန်းမှာ ဝင်ရောက်ဆက်သွယ်ပြသနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တယ်လီကျန်းမာအခမဲ့အွန်လိုင်းဆေးခန်းကို ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး တယ်လီကျန်းမာ COVID-19 Telegram Bot ကိုတော့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၃၀ ရက်မှာ စတင်ခဲ့တာလို့လည်း ဆိုထားပါတယ်။
အိုမိုင်ခရွန်နဲ့ COVID-19 လူနာများအနေနဲ့ https://t.me/COVID19TELEMM_BOT ကတစ်ဆင့် နေ့စဉ် နံနက် (၈) နာရီနဲ့ ည (၈) နာရီကြား အခမဲ့ပြသနိုင်ပါတယ်။
အခြားလူနာများအနေနဲ့ တယ်လီကျန်းမာ ရဲ့ Messenger (https://m.me/telehealthmm) မှာ နေ့စဉ် နံနက် (၈) နာရီနဲ့ ညနေ (၆) နာရီကြား အခမဲ့ပြသနိုင်ပါတယ်။ အထူးကုဆရာဝန်ကြီးတွေက ကြပ်မတ်ကုသပေးနေတာလို့ လည်း ကျန်းမာရေးဝန်ကြီးဌာနကရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်