အိမ်သုံးရေဒီယိုမှ အသံဖမ်းယူခြင်း…

အိမ်သုံးရေဒီယိုမှ အသံဖမ်းယူခြင်း
========================
📻ဈေးကွက်ထဲတွင် ဝယ်ယူနိုင်သော ရေဒီယိုများတွင် FM, MW နှင် SW လှိုင်းများဖမ်းယူနိုင်သည့် ရေဒီယိုအမျိုးအစားများမှ လှိုင်းတို SW ကို ဖမ်းယူနိုင်သော ရေဒီယို ဖြစ်ရပါမယ်။
📻Short Wave ဖမ်းယူနိုင်သော ရေဒီယိုတွင် လှိုင်းတို ၁၆ မီတာကို ဖမ်းယူနိုင်သော 9 Band နှင့် အထက် ရေဒီယိုများသည် ပိုမို၍ သင့်လျော်သည်။
📻မိမိ၏ ရေဒီယိုတွင် လှိုင်းတို 16m ကို ဖမ်းယူနိုင်သော
SW ကို ရှာ၍ SW1, SW2 စသည်ဖြင့် ရွေးပါ။
📻ထို့နောက် ကြိမ်နှုန်းရွေးရန် Tune ကို ဖြေးဖြေးချင်းစီလှည့်၍
17.71 MHz အနီးတဝိုက်တွင် အသံလှိုင်းကို ရှာပါ။
အခက်အခဲများကြားမှ RadioNUG ကို ကြိုးစား ထုတ်လွှင့်နေပြီး ရေဒီယိုလှိုင်း ထုတ်လွှင့်နိုင်မှု အခြေအနေများကို မှတ်တမ်းတင်ရန်နှင့် ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရင် မိဘပြည်သူများအနေဖြင့် ရေဒီယို ဖမ်းယူရမိသောအခြေအနေများကို Comment Session တွင် မှတ်ချက်ပြုပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
အသံလွှင့်ခြင်းများကို ဒေသစံတော်ချိန် မနက် ၈ နာရီ နှင့် ည ၈ နာရီ အချိန်များတွင် ဖမ်းယူ နားဆင်နိုင်မည် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်
#RadioNUG

Like – 10K Share – 1503

Public Voice Television Facebook

Add your reaction

  1. မရနိုင်မှန်းသိသွားပြီမို့ လက်လျှော့လိုက်ပါပြီ။

  2. SW 9 နဲ့ 17.71 ဆုံတဲ့နေရာ ဖမ်းတာပါပဲ။ ပြောတဲ့ 16m ဆိုတာ Radio မှာ မပါပါ။ လိုင်းဖမ်းလို့ မမိပါ။ 12 band radio ပါ။

  3. Radio NUG
    ************
    သတင်းမှန်များ ပြန်ကြားရန်
    ပြည်သူလူထုထံ ။
    NUG က လေလှိုင်းမှ
    စမ်းသပ်ထုတ်လွှင့်ကြ ။
    မနက်နဲ့ည ရှစ်နာရီ
    သောတဆင်နိုင်ပြီ ။
    လှိုင်းတိုမီတာ ၁၆မှ
    ဖမ်းယူနားဆင်ကြ ။
    ဖျော်ဖြေမှုတွေ ထုတ်လွှင့်တာ
    နွေဦးအနုပညာ ။
    CDM တို့ အသံများ
    လေလှိုင်းမှခံစား ။
    ခွန်အားဝေမျှ ပေးစာတွေ
    နားဆင်နိုင်ပါပေ ။
    ကိုဗစ်ဆိုင်ရာ တင်ပြချက်
    ပညာပေးလျက် ။
    PDF များ ဂုဏ်ပြုရန်
    စစ်ချီတေးလွှင့်ပြန် ။
    ပြည်သူတွေထံ လာခဲ့ပြီ
    Radio NUG ။

  4. တရားခံဟုစွပ်စွဲခံရသူကိုရှာမတွေ့လျှင် မိဘ၊ သားသမီး ဆွေမျိုးသားချင်းများကိုတရားမဝင်ဖမ်းဆီးနှိပ်စက်ခြင်း၊
    ရပ်ကွက်/ရွာများတွင် မသင်္ကာစရာဟု ယူဆမှုများရှိပါက ပတ်ဝန်းကျင်ရှိ လူနေအိမ်များ၊ ဆိုင်များ၊ လူများအား ဖမ်းဆီး၊ မီးရှို့၊ ဖျက်ဆီးခြင်းသည် မြန်မာစစ်တပ်၏ သူပုန်စိတ်ဓါတ်ကိုရှင်းရှင်းလင်းလင်း ပြသနေပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဖြစ်သော ပြည်သူများကို ပုန်ကန်သည့် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူများပင်ဖြစ်သည်။

  5. 8နာကီကနေ ဘယ်အချိန်ထိလဲ မိတာလမသိ မမိလားမသိ VOA ဘဲရတယ်

  6. 71.71 MHz ဘာလည်းဟင် 17.71MHz မဟုတ်ဘူးလား ပုံမှာပြင်ပေးပါအုန်း အက်ဒမင်

  7. Bass သံများတယ်။ နောက်ခံတေးဂီတသံ ကျယ်လွန်းတယ်။ စကားပြောသံ VOA, RFA လောက်ရှင်းလင်းပီသမှုမရှိပါ။

  8. ကြည်တယ် အသံရောလှိုင်းရော

  9. ရန်ကုန်၊ ကြည့်မြင်တိုင် မြို့နယ်ကပါ၊ စကားသံကြည်လင်ပြတ်သားစွာကြားရပါသည် သီချင်းသံ လုံးနေပါသည်၊ မိမိ radio တွင် 17.71 MHz တွင်ဖမ်းမရပါ၊ ပုံတွင် မျှားပြထားသောနေရာတွင်သာ ဖမ်းယူရရှိပါသည်

  10. မနက်၈နာရီမှ ၈နာရီခွဲအထိ ထုတ်လွှင့်သော Radio NUG၏ မနက်ပိုင်းအစီအစဉ်များကို.. 26,August,2021ရက် ယနေ့ မနက်တွင် 17.71.5MHz – 17.72MHzတို့တဝိုက်၌ ကော့သောင်းမြို့မှ ဖမ်းယူနားစဉ်နိုင်ခဲ့ပါသည်…
    Noise ဖုံးလွှမ်းလျှက်ရှိပေမဲ့လည်း.. နားစဉ်နိုင်သည့်အခြေအနေတွင်ရှိပါသည်။

  11. ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူ၊ ပဲခူး ဘက် လိုင်းဖမ်းလို့မမိပါ 12brand နဲ့ဖမ်းတာပါ

  12. Radio Tuning ကကြာရင် နေရာ အနည်းငယ် လွဲတက်ပါတယ် နေရာတော်တော်လွဲနေရင်တော့ စက်ရုံက သေချာမချိန်ထားလို့ပါ 16m အတွင်းရှာပါ အခန်းလုံနေရင် အဆင်မပြေပါ ညဖက် မီးချောင်း ချုပ် ကွိုင် wave ရှိသော လျှပ်စစ် ပစ္စည်းများနှင့် ဝေးရာမှာဖမ်းကြည့်ပါ အသံလွှင့်ချိန် ဂရုပြုပါ

  13. 10 band နဲ့ရန်ကုနိကဖမ်းတာဖမ်းလို့မရသေးပါဘူးရှင်

  14. ဒီအမျိုးအစားနဲ့ လိုင်းမိသူများ
    အဆင်ပြေရင် ပြောပြပါအုံး🙂🙂👌👌

  15. နားထားတာပြန်လွှင့်ပြီလား

    ကျွန်တော် မန်းလေးက
    ဒီဟာလေး မမိဘူးဗျာ

  16. မရပါ ။ Bbc,Voa
    ,Rfa နှင့် ကျန် လိုင်းများသာ ရပါသည် ခင်ဗျာ။

  17. ဒီဟာကနေ ဘယ်လိုဖမ်းရမှာလဲခင်ဗျ မဖမ်းတတ်လို့

  18. ​ရေဒီယိုချင်းတူရင်အလင်းပြကြပါဦးဆရာတို့မရလို့ပါမဖမ်းတက်လို့

  19. အခုည ၈ နာရီ ရေဒီယိုလှိုင်း မမိပါ ခင်ဗျား Mandalay ကပါ

  20. အသံကြည်လင်ပါတယ်ရှင်
    စစ်ကိုင်းတိုင်းကနားစဥ်နေတာပါ

  21. ဖမ်းတာများမမှန်လို့လားမသိဘူး…မရဘူးဗျ..ကူညီပါဦး

  22. Anyar Lay Radio တိုင်းရတယ်ဆိုတဲ့ သူရေ
    ဒီမန့်တွေကို ဖတ်ကြည့်လ်ုက်ပါဦးကွယ်

  23. ၂၆ည ၈နာရီဖမ်းမရ..
    ၂၇ မနက်ရ၏။
    ရန်ကုန်…
    အင်းယားကန်အနီး…
    အစီအစဉ်ကောင်းများ
    ထုတ်လွှင့်နိုင်ပါစေ….

  24. ဖမ်းလို့မရဖြစ်နေပါတယ်လမ်းညွှန်ပေးစေချင်ပါတယ်

  25. ဖမ်းလို့မမိလို့ သိတဲ့သူရှိရင်ကူညီပါဦးရှင့်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.