“အားတင်းထားပါ ထန်တလန်”
မင်းတို့အိမ် မီးလောင်တော့
ငါတို့အတူ ငျိုရတယျ
တစ်ယောက်တည်း မဟုတ်ပါဘူး
ထန်တလန်
မီးခိုးလုံးတွေတက်လာတော့
မင်းတို့တွေ ဘေးကင်းရဲ့လား
ငါတို့အတူ စိတ်ပူရတယ်
တစ်ယောက်တည်း မဟုတ်ပါဘူး
ထန်တလန်
အော်ဟစ်ငိုကြွေးသံတွေ
ငါတို့တွေ ကြားတာပေါ့
ရင်ထဲကအနာကို ထပ်စွလိုက်သလို
ငါတို့လည်း နာကျင်ရတယ်
တစ်ယောက်တည်း မဟုတ်ပါဘူး
ထန်တလန်
လုပ်ရဲရင် ခံရဲရမယ်
သူတို့ရဲ့ နေဝင်ချိန်ကို
ငါတို့အတူ မြင်ရမှာပါ
အားတင်းထားပါဦး
ထန်တလန်
မီးလောင် ပြာကျသွားပါစေ
ငါတို့အတူ ပြန်တည်ဆောက်မယ်
မင်းလည်းထည့် ငါလည်းထည့်
အတူတကွ မျှဝေကြရင်
ဘာလို့ မဖြစ်နိုင်ရမှာလဲ
ထန်တလန်
တောင်တန်း မြေပြန့်
ခွဲခြားမရတဲ့ ဒီတိုက်ပွဲမှာ
ချွေးထွက်တော့လည်း အတူတူ
သွေးထွက်တော့လည်း အတူတူ
ဆုံးရှုံးရလည်း အတူတူပေါ့
ကတိမထားခဲ့ကြလည်း
ငါတို့အတူ သစ္စာရှိမယ်
ထန်တလန်
သွေးအေးနေတဲ့သူကို
မင်းက စတေးခံပြီး
လှုပ်နှိုးလိုက်တယ်
သူရဲကောင်း ပီသပါတယ်
ထန်တလန်
သွေးချင်း ညီအကို မောင်နှမတွေ
စည်းလုံးညီညွှတ် ခြင်းတွေနဲ့
ရင်ဆိုင်ကာ တိုက်ကြမှာမို့
အောင်ပွဲကို မင်းပိုင်ပါတယ်
ထန်တလန်
ပြာပုံထဲက နိုးထလိုက်ပါ
ငါတို့အတူ ရှိနေပါတယ်
ထန်တလန် မြို့လေးရေ……..။
ရေးဖွဲ့သူ – မျိုးဝင်းဦး
ခံစားရွတ်ဖတ်သူ – နွေဦးကိုကို
2021/10/30