အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အရပ်သားများပေါ် ကျုးလွန်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စ

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အရပ်သားများပေါ် ကျုးလွန်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကာကွယ်ရေးဝန်ကြီးဌာနက စုစည်းဖော်ပြ
၉ အောက်တိုဘာလ ၂၀၂၁

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ စုစည်းထားသည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အရပ်သားများပေါ် ကျုးလွန်ခဲ့သော အကြမ်းဖက်မှုဖြစ်စဉ် များဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ အရေးပေါ်အခြေအနေကြေငြာပြီး စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ (၆)ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အပြစ်မဲ့အရပ်သားများအပေါ် ကျုးလွန်ခဲ့သည့် ဥပဒေမဲ့ဖြစ်စဉ် အနည်းဆုံး(၁၃၅)ခု ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ (၂၆၂၀၀) ကျော်ရှိခဲ့ပြီး ရွာ(၄)ရွာနှင့် အိမ်ခြေ(၁၈၂)လုံးကျော် မီးလောင်ပျက်စီးမှုဖြစ်ပွါးခဲ့သည်။ ငွေကျပ်သိန်း(၄၀)ကျော် အဖိုးတန်ပစ္စည်းများ၊ဖုန်းများ၊ဆိုင်ကယ်များနှင့် ကျွဲနွားတိရိစ္ဆာန်များ အဓမ္မသိမ်းယူဖျက်ဆီးခံခဲ့ရသည်။
ရက်ရက်စက်စက်သတ်ဖြတ်ခံရသူ ကလေးငယ်(၄) ဦးနှင့်မသန်စွမ်း(၁) ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၂၆) ဦးကျော် မတရားသတ်ဖြတ်ခံရပြီး လိင်ပိုင်းဆိုင်ရာစော်ကားခံရသူ အမျိုးသမီး(၆) ဦးအထိ ရှိခဲ့သည်။
ဘုန်းတော်ကြီးများနှင့်ဘာသာရေးဆိုင်ရာ သင်းအုပ်ဆရာများ (၁၂) ဦး၊ကလေးသူငယ်(၁၂) ဦးအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူ အပြစ်မဲ့အရပ်သားဦးရေ (၃၉၀) ကျော်အထိရှိခဲ့သည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ဂျနီဗာကွန်ဗန်းရှင်းစာချုပ်ပါ စစ်ဥပဒေသများကို ပြောင်ပြောင်းတင်းတင်းချိုးဖောက်နေပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခဲ့သူအရပ်သားဦးရေ (၃၄၁) ကျော်အထိရှိခဲ့သည်။
လူသားဆန်မှုကင်းမဲ့ကာ မြန်မာ့လူမှုအဖွဲ့အစည်းကို သွေးစွန်းစေမှု၏ အဓိကတရားခံအဖွဲ့အစည်းဖြစ်သည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်မှ စွန့်ခွာပြီး ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံကြဖို့ တပ်မတော်သားများနှင့်ရဲများကို ကျွန်ုပ်တို့ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးတိုက်တွန်းလိုက်သည် ဟု ဖော်ပြပါရှိပါသည်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.