အာဏာသိမ်းပြီးနောက် မြန်မာလူဦးရေရဲ့ ထက်ဝက်ခန့်လောက် ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကုလအစီရင်ခံစာတွင် ဖော်ပြ

အာဏာသိမ်းပြီးနောက် မြန်မာလူဦးရေရဲ့ ထက်ဝက်ခန့်လောက် ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကုလအစီရင်ခံစာတွင် ဖော်ပြ
ဇန်နဝါရီ ၁ ၊ ၂၀၂၁

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့လူဦးရေရဲ့ ထက်ဝက်ခန့်လောက်က ၂၀၂၂ ခုနှစ်မှာ ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ မနေ့က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ နှစ်ကုန်သုံးသပ်ချက်အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

ကုလသမဂ္ဂရဲ့ နှစ်ကုန်သုံးသပ်ချက်အစီရင်ခံစာမှာတော့ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၄ဒသမ၄ သန်းခန့်လောက်က လူ သားချင်းဆိုင်ရာ စာနာမှုအထောက်အပံ့တွေကို လိုအပ်နိုင်တယ်လို့ ဆိုထားပါတယ်။ အဲဒီအရေအတွက်က မြန်မာလူဦးရေရဲ့ လေးပုံ တပုံလောက် ရှိတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာရုံး (OCHA) သုံးသပ်ထားပါတယ်။

လူသားချင်းဆိုင်ရာ စာနာမှုအထောက်အပံ့ အကူအညီတွေကို အရေးပေါ်လိုအပ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ လူဦးရေ ၁၄ သန်းကျော် ထဲကမှ ကလေးငယ်က ၅ သန်းလောက်ပါပြီးတော့ အမျီုးသမီးက ၇ သန်းခွဲလောက်အထိ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားနှိပ်စက် ညှင်းပန်းမှုကြောင့် ထွက်ပြေးရသူတွေ၊ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူတွေ၊ နိုင်ငံ ရေး၊ လူမူရေး ပြဿနာတွေကြောင့်လည်း ၂၀၂၂ ခုနှစ်မှာ လူကုန်ကူးမှုပြဿနာကို ဆိုးဆိုးရွားရွား ရင်ဆိုင်ရနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ကလေးသူငယ်တွေ အနေနဲ့လည်း ပဋိပက္ခတွေကြားထဲမှာ အသုံးချခံရတာ၊ သတ်ဖြတ်ခံရတာ၊ လူကုန်ကူးခံရတာတွေနဲ့လည်း ရင် ဆိုင်ရဖို့ရှိနေတဲ့အတွက် အထူးစိုးရိမ်ရကြောင်းလည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါအပြင် မြန်မာတနိုင်ငံလုံးအတိုင်းအ တာနဲ့ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်ရနိုင်သလို ရာသီဥတုဖောက်ပြန်မှုကြောင့်လည်း စားနပ်ရိက္ခာမလုံလောက်တာတွေ ကြုံတွေ့လာရ နိုင်တယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ – unicef myanmar
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.