အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသ

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်(Right to know) ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားထုတ်‌ဝေနေသည့် စာစောင်များအားပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး စာစောင်ပါအကြောင်းအရာများသည် စာစောင်ထုတ်ဝေသည့်အဖွဲ့အစည်းနှင့် စာရေးသူများ၏ အာဘော်သာဖြစ်ပါသည်။

◾”ဆီသို့” သတင်းလွှာ (အတွဲ-၁၊ အမှတ် – ၁၈)

တကသကျောင်းသားဟောင်းများ အင်အားစု နှင့် ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ) တို့မှ ပူးပေါင်းထုတ်ဝေသော အပတ်စဉ် စနေနေ့တိုင်းထွက်ရှိသည့် “ဆီသို့” သတင်းလွှာ။
ယနေ့ ထွက်ရှိသော သတင်းလွှာတွင်

◾နွေဦးတော်လှန်ရေးကာလ တောထဲကရဲဘော်တစ်ဦးရဲ့ သတိပေးစာ “တောထဲက အပြန်” ဆောင်းပါး
◾ အရင်ကဗျာများကဏ္ဍမှ မောင်တင်သစ် ၏ “ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ – ၂” အမည်ရကဗျာ
◾နောင်တော်ကြီး၏ “ပြည်သူချစ်သောတပ်မတော်သားကောင်းများအလိုရှိသည်” (အပိုင်း – ၁)
◾ တော်လှန်ရေးသတင်းများကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ထပ်မံထွက်ရှိမည့် အတွဲအမှတ်များအား ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိရေး ရန်ကုန်မြို့အတွင်း ဖြန့်ဝေလျက်ရှိသည်။
ကျောင်းသားပြည်သူများအနေဖြင့် အချင်းချင်းပြန်လည်ဖြန့်ဝေခြင်း၊ PDF အား Print ထုတ်၍ ဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။

▪️Ebook Link-
https://tinyurl.com/yf3ut8uj





Add your reaction

  1. N.U.G အစိုးရအ​နေနှင့်အ​ကောင်းဆုံးကြိုးစားအားထုတ်​နေတာကိုကျွန်​တော်နားလည်ပါသည်။ ​အရမ်းလေးစားပါသည်။ ​ဖက်ဒရယ်ပြည်​ထောင်စုသားတ​ယောက်အ​နေနှင့်ကျေးဇူးတင်ပါသည်။ ဒါ​ပေမဲ့ကျွန်​တော်အကြံတခု​လောက်ပြုချင်ပါသည်ခင်ဗျ။

    အကြံပြုချက်
    ၁၉၈၈ အ​ရေး​တော်ပုံကာလတုန်းကနိုင်ငံ​တော်ဝန်ကြီးချုပ်​ဟောင်းဦးနုဟာကြားဖြတ်စင်ပြိုင်အစိုးရဖွဲ့စည်းခဲ့ပါသည်။ ​ဒေါ်​အောင်ဆန်းစုကြည်ဟာနိုင်ငံခြား​ရေးဝန်ကြီး ဦး​အောင်​ရွှေဟာပြည်ထဲ​ရေးဝန်ကြီး သူရဦးတင်ဦးဟာကာကွယ်​ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ကြပါသည်။ နိုင်ငံ​ပေါင်း ၂၁ နိုင်ငံဟာလည်း​ထောက်ခံခဲ့ပါသည်။ CDM ဝင်လာသည့်စစ်သားနှင့်ရဲ​တွေလည်းရှိခဲ့ပါသည်။ ဟိုဘက် နဝတ စစ်အုပ်စုကို​ထောက်ခံတာတရုတ်တနိုင်ငံပဲရှိပါသည်။ ဒါ​ပေမဲ့သူတို့ကနှစ်၂၀​ကျော်​လောက်အုပ်ချုပ်သွားသည်။ ဒါဘာကိုပြလည်းဆို​တော့ပြတ်ပြတ်သားသား​ဆောင်ရွှက်သည့်အဖွဲ့က​နေရာရမှာပဲ။ ဗမာစကားပုံအတိုင်းရဲရင်မင်းဖြစ်သည်ဆိုသလို​ပေါ့။ အဲ့ဒီ​တော့ N.U.G အ​နေနှင့်လည်းတခုခု​တော့ပြတ်ပြတ်သားသားလုပ်သင့်ပြီလို့ကျွန်​တော်မြင်ပါသည်ခင်ဗျ။ N.U.G ပြည်သူ့အစိုးရ​အောင်မြင်ပါ​စေ။ အ​ရေး​တော်ပုံ​အောင်ရမည်။

    လေးစားစွာဖြင့်
    သာမန်ပြည်သူတဦး

  2. ဘာကိုတော်လှန်ရမာလဲ လက်နက်လဲမထောက်ပံ့ ဘာလဲမထောက်ပံ့

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.