အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်နေမှုများအားမျှဝေခြင်…

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်နေမှုများအားမျှဝေခြင်းအစီအစဉ်

မေလ(၃၀)ရက်ထုတ်
“နွေဦးအသံ” နေ့စဉ်လက်ကမ်းသတင်းလွှာ
အမှတ်(၅၅)ကို ရယူနိုင်ပါပြီ။

PDF ရယူရန်-
https://drive.google.com/file/d/1xvH64t2F_B02EzGFxKZqW_A2bxlSlFd1/view?usp=sharing

#နွေဦးအသံ #အမှတ်၅၅ #newspamphlet
#thevoiceofspring
…………………………………………………………
A4 စက္ကူတရွက်ကို ကျောကပ်ပုံစံ Print တရွက်ထုတ်ပြီး မိတ္တူဆွဲလိုက်ရုံပါပဲ။
နေ့စဥ်သတင်းအားလုံးကို နှစ်မျက်နှာတည်းနဲ့အလွယ်တကူ ဖတ်ရှုနိုင်မယ့် သတင်းစာလေးရပါပြီ။
အလွယ်တကူလက်ဆင့်ကမ်းဖတ်နိုင်ပြီး နေ့စဥ်ထွက်ရှိနေမယ့် “နွေဦးအသံ” Daily News Pamphlet လေးပါ။
သတင်းပြတ်လပ်နေတဲ့နေရာတွေအတွက် အင်တာနက်ရနေသေးတဲ့သူတွေက ပရင့်ထုတ်ပြီး မိတ္တူကူးဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။
ပရင့်ထုတ်ဖို့ အခက်အခဲရှိရင်လည်း ဓာတ်ပုံအတိုင်းကိုပဲ
ဖုန်းအချင်းချင်း အဆင်ပြေသလို ဖြန့်ချိကူးယူမျှဝေပေးလို့ရပါတယ်။
အရေးတော်ပုံ မုချ အောင်ရမည်



Like – 6K Share – 806

Public Voice Television Facebook

Add your reaction

  1. CRPH ကို အကြံပေးချင်ပါတယ်

    GoFundMe မှာ အလှူငွေ ကောက်ခံတုံးက စုစုပေါင်း ပမာဏ ကိန်းဂဏန်းတွေ တက်လာတာကို ကြည့ပြီး လှူတဲ့ လူတွေက ပျော်ကြ၊ ထပ်လှူကြ၊ အခ​ြားလူတွေကို တိုက်တွန်းကြနဲ့ အလှူပြိုင်ပွဲကြီး ဖြစ်ခဲ့ပါတယ်

    GonFundMe က လှူလို့ မရတော့ လှူတဲ့ ပဏာမကျဆင်းသွားပါတယ်။

    CRPH အခု စီစဉ်သလို၊ လှူရမယ့် အဖွဲ့တွေ ၁၀၀ ကျော် ခွဲဖြန်ထားတာ မအလ လိုက်ပြီး နှောက်ယှက်ဖို့ ခက်ခဲတာ ကောင်းကျိုးတခုပါ။ ဆိုးကျိုးက လှူမယ့်လူတွေက အဲဒီအဖွဲ့တွေနဲ့ ချိတ်ဆက်မှု အားနည်းသလို၊ GoFundMe လို motivate မဖြစ်ကြပါဘူး

    ဒီတော့ CRPH က မွမ်းမံပြုပြင်ဖို့လိုပါတယ်

    ဗဟို ဌာန CRPH Website နဲ့ အတူ ဗဟို donation mobile App တခု လုပ်ပါ

    ကိန်းဂဏန်းကို real time ဒါမှမဟုတ် daily update လုပ်ပါ။

    မူလ App ရဲ့ screen ပေါ်မှာပဲ နိုင်ငံအလိုက်၊ ဒေသအလိုက် အဖွဲ့တွေရဲ့ အမည်စာရင်းကို font ကြီးကြီး၊ လှလှနဲ့ တန်းစီစာရင်း ပေါ်လွင်ပါစေ

    အဲဒီထဲက အဖွဲ့တခုရဲ့ နာမည်ကို နှိပ်လိုက်တာနဲ့ အနှီအဖွဲ့ရဲ့ အချက်အလက်နဲ့ အတူ လှူဒါန်းနိုင်မယ့် bank account (သို့) လိပ်စာကို (သို့) donation form ကို တန်းပြီး ပေါ်ပါစေ။ redirect လုပ်တာထက် App ထဲမှာပဲ ပေါ်ရင် ပိုကောင်းပါတယ်။ လုပ်ရတာခက်ရင်လည်း redirect လုပ်ပါ

    အနှီအဖွဲ့ဆီ ငွေလှူဒါန်းပြီးတာနဲ့ ထိုအဖွဲ့က လက်ခံရမရ စိစစ်ဖို့ အချိန် အများဆုံး တပတ်ပဲ ထားပါ။ တပတ်ကြာတဲ့အခါ အဲဒီအဖွဲ့က ငွေလက်ခံရရှိကြောင်း ဗဟို CRPH App နဲ့ လှူဒါန်းသူဆီကို သတင်းပြန်ပို့တဲ့ စနစ် လုပ်ပါ

    ဗဟို ဌာန CRPH Website နဲ့ ဗဟို donation mobileApp မှာ total amount ကိန်းဂဏန်း ဖော်ပြပေးပါ။

    နောက်တခု အကြံပေးချင်တာက ​နည်းနည်း ပိုခက်ပါတယ် ။ ဖြစ်နိုင်ရင် နိုင်ံငံအလိုက် ဒေသအလိုက် လှူဒါန်းတဲ့ amount ကို counting လုပ်ပြတာ၊ အင်ဖိုဂရပ်နဲ့ real time (သို့) daily update ပြတာ တွေပါဝင်ရင် အလှူပြိုင်ပွဲက မြိုင်ဆိုင်ပါလိမ့်မယ်

    နောက်တခုက လက်ခံရရှိကြောင်း ပြန်စာကို PDF ဖိုင်နဲ့ ပို့ပေးရင် ပိုကောင်းပါတယ်။ပြန်စာမှာ လှူဒါန်းသူ နာမည်ကို အပြည်အစုံ ဖော်ပြပေးရမလား။ နာမည် အရှေ့စာလုံး ဥပမာ Min T ******* လို​့ တဝက်ဖုံးကွယ်ပေးရမလား option တခု ထည့်ပေးပါ။

    ပြန်စာကို serial number နဲ့ ထုတ်ပေးပါ။ နောင်တချိန် NUG အစိုးရက အောင်ပွဲရတဲ့အခါ လှူဒါန်းငွေပမာဏ အပေါ်မှာ % တခု နဲ့ ဂုဏ်ပြုတဲ့အနေနဲ့ အခွန်ဆောင်တဲ့အခါ ပြန်လည် ကင်းလွတ်ခွင့် ပေးပါ။ အဲဒီအခါ အဆိုပါ serial number တွေက စာရင်းရှာဖို့ လွယ်ကူပါလိမ့်မယ်

  2. လှူခြင်ရင်ဘယ်ကိုလှူရမလဲဗျ မသိလိုပါ မချမ်းသာပါ တတ်နိုင်သလောက်ပေါ့ဗျာ ဘယ်ရငွေပေးလှူရင်ရလဲ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.