အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်(Right to know) ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားထုတ်ဝေနေသည့် စာစောင်များအားပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး စာစောင်ပါအကြောင်းအရာများသည် စာစောင်ထုတ်ဝေသည့်အဖွဲ့အစည်းနှင့် စာရေးသူများ၏ အာဘော်သာဖြစ်ပါသည်။
◼ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၃) နှစ်ပြည့် အမှတ်တရ ဆီသို့စာစဥ်
တကသကျောင်းသားဟောင်းများ အင်အားစု နှင့် ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ) တို့မှ ပူးပေါင်းထုတ်ဝေသော “ဆီသို့” စာစဉ်အား ယနေ့ မှာကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ကိုအောက်မေ့လျက် ယခင်ထုတ်ဝေနေကျပုံစံနှင့်မတူ (၃၃) နှစ်ပြည့် အမှတ်တရအဖြစ် ထုတ်ဝေလိုက်ပါသည်။
ယနေ့ ထွက်ရှိသော အထူးထုတ်စာစဉ်တွင်
◾အရေးတော်ပုံကြီး၏ သမိုင်းမှတ်တမ်းဖြစ်ရပ်ဓာတ်ပုံများ
◾ သမိုင်းဝင်ဖြစ်ရပ်များအကြောင်းရေးသားထားသော ဆောင်းပါးများ
◾ကျောင်းသားမျိုးဆက်အသီးသီး ၏ အမှတ်တရပြောကြားချက်များနှင့် ကောက်နုတ်ချက်များ
◾သမိုင်းဝင်ဓာတ်ပုံများနှင့် အမှတ်တရကဗျာ
များကို စုံလင်စွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ယခုကဲ့သို့ အမှတ်တရစာစဉ်များနှင့် ထပ်မံထွက်ရှိမည့် အတွဲအမှတ်များအား ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိရေး ရန်ကုန်မြို့အတွင်း ဖြန့်ဝေလျက်ရှိသည်။
ကျောင်းသားပြည်သူများအနေဖြင့် အချင်းချင်းပြန်လည်ဖြန့်ဝေခြင်း၊ PDF အား Print ထုတ်၍ ဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။
▪️Ebook Link-
https://tinyurl.com/hazjhpjv
Like – 1.9K Share – 142