အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်(Right to know) ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားထုတ်ဝေနေသည့်
စာစောင်များအားပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး စာစောင်ပါအကြောင်းအရာများသည် စာစောင်ထုတ်ဝေသည့်အဖွဲ့အစည်းနှင့် စာရေးသူများ၏ အာဘော်သာဖြစ်ပါသည်။
“THE REVOLUTION” စာစဥ် အတွဲ(၁)၊ အမှတ်စဥ်(၁၀) ထုတ်ဝေ။
ဇွန်လ ၉ရက်၊ ထားဝယ်။
“THE REVOLUTION” စာစဥ် အတွဲ(၁)၊ အမှတ်စဥ်(၁၀)အား ဇွန်လ ၈ရက်နေ့တွင် ထုတ်ဝေခဲ့ပြီး ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူလူထုဆီသို့ အခမဲ့ဖြန့်ဝေလျက်ရှိပါသည်။
တော်လှန်ရေးရဲဘော်များအနေဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းသုံးသပ်ချက် ဆောင်းပါးများကိုဖတ်ရှုနိုင်ရန်နှင့် စစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တော်လှန်သောလှုပ်ရှားမှုအဖြစ် “THE REVOLUTION” စာစဥ်အား ဧပြီလ ၁၄ရက်မှစတင်ထုတ်ဝေခဲ့ပါသည်။
PDF File__ https://drive.google.com/file/d/1FkHd6IJx9V2df2YN1Zo9JWbnd2VCNJfB/view?usp=drivesdk
( မည်သူမဆို PDF File အား download ရယူကာ စာစဥ်အား print ထုတ်၍ ပြည်သူလူထုဆီသို့ ဖြန့်ဝေနိုင်ပါသည်။)
မိဘပြည်သူများအနေဖြင့် စာမူများ ပေးပို့လိုပါကလည်း Page messenger မှတစ်ဆင့် ဆယ်သွယ်ပေးပို့နိုင်ပါသည်။
ဒီမိုကရေစီအရေး လှုပ်ရှားမှု
သပိတ်ကော်မတီ (ထားဝယ်ခရိုင်)
Like – 7.4K Share – 897