အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်(Right to know) ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားထုတ်ဝေနေသည့်
စာစောင်များအားပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး စာစောင်ပါအကြောင်းအရာများသည် စာစောင်ထုတ်ဝေသည့်အဖွဲ့အစည်းနှင့် စာရေးသူများ၏ အာဘော်သာဖြစ်ပါသည်။
“THE REVOLUTION” စာစဉ် အတွဲ(၁)၊ အမှတ်စဉ်(၁၂) ထုတ်ဝေ။
ဇွန်လ ၂၀ ရက်၊ ထားဝယ်။
“THE REVOLUTION” စာစဉ် အတွဲ(၁)၊ အမှတ်စဉ်(၁၂) အား ဇွန်လ(၃)ရက်တွင် ထုတ်ဝေပြီး ထားဝယ်ခရိုင်အတွင်းရှိ ဒေသအသီးသီးသို့ အခမဲ့ဖြန့်ဝေလျက်ရှိပါသည်။
စစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်ကာ ပြည်သူလူထုဆီသို့ သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရန်နှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်း သုံးသပ်ချက်ဆောင်းပါးများအား ဖတ်ရှုနိုင်ရန်အတွက် “THE REVOLUTION”စာစဉ်အား ဧပြီ ၁၄ရက်နေ့တွင်စတင်ထုတ်ဝေခဲ့ပါသည်။
မိဘပြည်သူများအနေဖြင့်လည်း စာမူများပေးပို့လိုပါက Democracy Movement Strike Committee-Dawei page messenger မှတစ်ဆင့် ဆက်သွယ်ကာ ပေးပို့နိုင်ပြီး အယ်ဒီတာအဖွဲ့၏ ရွေးချယ်ခြင်းခံရသော စာမူများအား အလျဉ်းသင့်သလို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
PDF file_ https://drive.google.com/…/1JzAPuaOhC…/view…(မည်သူမဆို PDF fileအား download ရရယူကာ စာစဉ်အား print ထုတ်၍ မိဘပြည်သူများထံသို့ လွတ်လပ်စွာ ဖြန့်ဝေနိုင်ပါသည်။)
ဒီမိုကရေစီအရေး လှုပ်ရှားမှု
သပိတ်ကော်မတီ (ထားဝယ်ခရိုင်)
Like – 6.4K Share – 403