အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်(Right to know) ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားထုတ်ဝေနေသည့်
စာစောင်များအားပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး စာစောင်ပါအကြောင်းအရာများသည် စာစောင်ထုတ်ဝေသည့်အဖွဲ့အစည်းနှင့် စာရေးသူများ၏ အာဘော်သာဖြစ်ပါသည်။
မြန်မာ့နွေဦးတော်လှန်ရေးအတွက် အမေရိကန်နိုင်ငံသားတစ်ဦးမှ “Myanmar Solidarity Bulletin” အမည်ရှိ စာစောင်ထုတ်ဝေ၊
ဇွန်လ ၂၂ရက်၊ ထားဝယ်။
မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ Michael Sladnick ဆိုသူမှ “Myanmar Solidarity Bulletin” စာစောင် အတွဲ(၁)၊ အမှတ်စဥ်(၁) အား ဇွန်လ ၂၁ရက် ရက်စွဲဖြင့် မြန်မာပြည်ပြင်ပကနေ စတင်ထုတ်ဝေခဲ့ပါသည်။
စာစောင်ထုတ်ဝေခြင်းနှင့် ပတ်သက်၍ Michael Sladnick မှ “Myanmar Solidarity Bulletin no. 1
ဒီစာစောင်က မြန်မာပြည်ပြင်ပမှာ နွေဦးတော်လှန်ရေးနဲ့ပတ်သက်လို့ ထုတ်ဝေမယ့် ပထမဆုံးစာစောင်ဖြစ်ပါလိမ့်မယ်။ အမှန်တရားကိုမြတ်နိုးတဲ့နိုင်ငံခြားသားတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ချင်လို့ ဒီစာစောင်ကိုထုတ်ဝေရတာပါ။ ဒါကြောင့် ဒီစာစောင်ကိုပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်ဖို့အတွက် အများအားလုံးရဲ့ အကူအညီလိုပါတယ်။ ယနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ၊ သတင်းတွေဆိုရင် အင်္ဂလိပ်ဘာသာနဲ့ရေးပြီးပို့ပေးနိုင်ကြပါတယ် ” ဆိုပြီး ပြောကြားထားပါတယ်။
“Myanmar Solidarity Bulletin” စာစောင်နှင့် ထားဝယ်ခရိုင်အတွင်းထုတ်ဝေဖြန့်ချိလျက်ရှိသော “THE REVOLUTION” စာစဥ်တို့မှာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ပါသည်။
ဒီမိုကရေစီအရေး လှုပ်ရှားမှု
သပိတ်ကော်မတ်ိီ (ထားဝယ်ခရိုင်)
Like – 11K Share – 938