အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်(Right to know) ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားထုတ်ဝေနေသည့်
စာစောင်များအားပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး စာစောင်ပါအကြောင်းအရာများသည် စာစောင်ထုတ်ဝေသည့်အဖွဲ့အစည်းနှင့် စာရေးသူများ၏ အာဘော်သာဖြစ်ပါသည်။
◾️တူမီး တော်လှန်ရေးစာစဉ် အမှတ် (၆) ◾️
အကြောင်းအမျိုးမျိုးကြောင့် အပတ်စဥ် အင်္ဂါနေ့တိုင်း ထုတ်ေ၀နေကြ တူမီးစာစဥ်ကို တစ်ရက်နောက်ကျပြီး ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှ ထုတ်ဝေဖြန့်ချီနိုင်ခဲ့ပါတယ်။
ယခုလက်တလောဖြစ်ပေါ်ခဲ့တဲ့ စိတ်မချမ်းမြေ့စရာ သတင်းတွေကြောင့် လူထုရဲ့စိတ်ခွန်အား လျော့မသွားဘူးလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒီတော်လှန်ရေးဟာ ရှည်ကြာဦးမှာမို့ ကျနော်တို့ပြည်သူတွေအနေနဲ့ စိတ်နှလုံးသားခွန်အား ၊ ဉာဏခွန်အားကို ဖြည့်တင်းကြဖို့လိုပါလိမ့်မယ်။
လက်ရုံးအားကိုးသက်သက်နဲ့တော့ ဖက်ဆစ်စစ်တပ်ကို အနိုင်ရဖို့ရာ မလွယ်ကူပါဘူး။တော်လှန်ရေးရဲ့ ပထမဦးစားပေးတာ၀န်ဟာ ပညာတတ်ဖို့ဖြစ်တယ် လို့ ချေဂွေဗားရားက ပြောခဲ့ဖူးပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ ကာယခွန်အားအပြင် ဉာဏခွန်အားကိုလည်း ဖြည့်တင်းရင်း တော်လှန်ရေးခရီးကြမ်းကို အင်ပြည့်အားပြည့် ဖြတ်သန်းစေချင်ပါတယ်။
စာဖတ်ကြပါ ၊ ဉာဏ်ရည်ပြည့်၀သော တော်လှန်ရေးကို ဆင်နွှဲကြပါ။ စိတ်ထားကောင်းသော လူရိုးလူအကြီးများဆိုတဲ့ ဘဝကနေ ရုန်းထွက်ကြရင်း ဆိုးယုတ်တဲ့ ဖက်ဆစ်စနစ်ကိုပါ မြန်မာ့မြေပေါ်က အပြီးတိုင်ဖယ်ရှင်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်ခင်ဗျာ။
“ဖတ်ပါ
ပြန်လည် မျှဝေပါ။
အိမ်တိုင်းမှာ တူမီး ရှိပါစေ” ။ ။
Download ရယူနိုင်ရန် _https://drive.google.com/file/d/1Zv891R_9GKnAEER0tyRVPShOW-6NHrXK/view?usp=drivesdk
Like – 4.7K Share – 622