အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသ…

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်(Right to know) ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားထုတ်‌ဝေနေသည့်
စာစောင်များအားပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး စာစောင်ပါအကြောင်းအရာများသည် စာစောင်ထုတ်ဝေသည့်အဖွဲ့အစည်းနှင့် စာရေးသူများ၏ အာဘော်သာဖြစ်ပါသည်။

◾”ဆီသို့” သတင်းလွှာ (အတွဲ-၁၊ အမှတ် – ၁၄)
တကသကျောင်းသားဟောင်းများ အင်အားစု နှင့် ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ) တို့မှ ပူးပေါင်းထုတ်ဝေသော အပတ်စဉ် စနေနေ့တိုင်းထွက်ရှိသည့် “ဆီသို့” သတင်းလွှာ။

ယနေ့ ထွက်ရှိသော သတင်းလွှာတွင်
◾ဒီမိုကရေစီတိုက်ပွဲရဲ့ ကျောင်းသားသူရဲကောင်း ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ်ဆောင်းပါးများ
◾ ကဗျာ ဆရာလင်းခါး ရေးသားထားသော “ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း”
ကဗျာ
◾ တော်လှန်ရေးအတွေးအမြင် ကဗျာများ နှင့် တော်လှန်ရေးသတင်းများကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ထပ်မံထွက်ရှိမည့် အတွဲအမှတ်များအား ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိရေး ရန်ကုန်မြို့အတွင်း ဖြန့်ဝေလျက်ရှိသည်။
ကျောင်းသားပြည်သူများအနေဖြင့် အချင်းချင်းပြန်လည်ဖြန့်ဝေခြင်း၊ PDF အား Print ထုတ်၍ ဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။

▪️PDF Print Download Link

▪️Ebook Link-
https://tinyurl.com/2uaka2cz

▪️ဆီသို့စာစဉ် Facebook စာမျက်နှာ
https://www.facebook.com/sithojournal/





Like – 5.5K Share – 595

Public Voice Television Facebook

Add your reaction

  1. လူတိုင်း သေနတ်ကိုင်ခွင့် ရှိရမယ်
    လူတိုင်း သေနတ်ပစ် တတ်ရမယ်
    လူတိုင်း သေနတ်လုပ် တတ်ရမယ်

    အဲဒီအချက် ၃ ချက်ပြည့်စုံဖို့လိုတယ်

    ကျနော်ပြောခဲ့ဖူးပါတယ်

    ဝယ်သေနတ်ဟာ
    ဈေးကြီးတယ်
    သယ်ယူရေးခက်ခဲတယ်
    လူတိုင်းဆီမရောက်ဘူး

    လူတိုင်းလက်ထဲ တူမီးပဲ ရှိဦး

    လူသိန်းချီရှိတဲ့ မြို့တမြို့ရှိ
    လူငယ်တွေလက်ထဲ တူမီးတလက်ရှိပဲ ရှိဦး
    ​တော်တော်ကြီး ခြောက်ခြားသွားမယ်

    တောနေ လူငယ်ထုလက်ထဲ
    သေနတ်လုပ်နည်း ဗုံးလုပ်နည်းတွေ
    ရောက်သွားရင်
    ပိုကြီး ကြောက်စရာကောင်းတယ်

    မြို့ပေါ်မှာ ဒလန်ပေါတယ်
    တောရွာမှာ ဒလန်နည်းတယ်

    အလားအလာ အလွန်ကောင်းပေမယ့်

    “ရွာတပ်” တွေ ဖွဲ့ဖို့ဟာ
    ကွက်လပ်ကြီး တခု ဖြစ်ဆဲ ပဲ

    မအလရဲ့
    သမ နဲ့ ကျေးလက် ဝန်ကြီးဌာနဆိုတာ
    လာလတ္တံသော အငတ်ဘေးကြီးကြောင့်
    ရွာတွေက တော်လှန်တာ မဖြစ်လာအောင်
    ​ချွေးသိမ့်မယ့် အစီအစဉ်ပဲ

  2. လူတန်းစား သရုပ်သကန်နဲ့ ခွဲခြားစိတ်ဖြာရရင်

    နွေဦးတော်လှန်ရေးက လက်နက်ကိုင်တိုက်ပွဲမှာ

    အဓိက ပါဝင်နေသူတွေဟာ

    မြို့နေလူငယ် ပညာတတ်လူတန်းစား အလွှာက

    ရာခိုင်နှုန်းများတယ်

    လစ်ဟာမှုကြီးတခုက

    ​အခြေခံလူတန်းစား အလုပ်သမား လယ်သမားတွေကို

    လက်နက်တပ်ဆင်ပေးဖို့ လစ်ဟာနေတယ်

    ဦးဆောင်သူတွေကို အသိပေးချင်တာက

    သန်းနဲ့ ချီတဲ​့ လူထုကြီးအတွက်

    AK 47 , M16 သန်းချီပြီး မတပ်ဆင်နိုင်ဘူး

    အရှေ့အလယ်ပိုင်းက ပျောက်ကြားတွေ

    ဘယ်လို လက်နက်တပ်ဆင်တယ် ဆိုတာ

    လက်နက်ပညာအပိုင်း နည်းယူရမယ်

    ကိုယ်တိုင်လုပ် လက်နက်တွေကို

    တီထွင်ကြံဆရမယ်။

    အတိုင်းအတာတွေ ၊ ပါဝင်ပစ္စည်းတွေ

    လုပ်နည်းကိုင်နည်းတွေကို

    Drawing တွေ၊ Guide Line တွေ

    Manual Book တွေ၊ ဗီဒိယိုတွေနဲ့

    တိတိကျကျ ဖြန့်ဝေရမယ်

    ကုန်ကုန်ပြောရင် “သေး” ကနေ

    ဓာတုပစ္စည်း ထုတ်လို့ရတယ်ဆိုတာ အထိ

    လုပ်နည်းကိုင်နည်း သိထားကြရမယ်

    ဒီအလုပ်တွေကို NUG က တိုက်ရိုက်မလုပ်ရဘူး

    သီးခြား ရပ်တည်တဲ့ ( ဖမ်းမိရင် အဆက်အစပ် ဖော်မရတဲ့ )

    လျှို့ဝှက် အဖွဲ့တဖွဲ့က လုပ်ရမယ်

    NUG ဟာ သူ့ရဲ့ တရားဝင် PDF နဲ့ ဖက်ဒရယ်တပ်တွေကလွဲရင်

    မြေအောက်လုပ်ငန်းမှာ နာမည်မထွက်အောင်နေရမယ်

    ဘာကြောင့်လဲ ဆိုတော့ NUG ဟာ

    မြေအောက် ပျောက်ကြားစစ်မျက်နှာ ကို

    အဓိက လှုပ်ရှားရမယ့် အဖွဲ့ မဟုတ်ဘူး။

    နိုင်ငံတကာစစ်မျက်နှာနဲ့ မြေပေါ် PDF တပ်မတော်အတွက်

    နိုင်ံတကာထောက်ခံမှုလိုအပ်နေလို့ပဲ

    ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးမှာ

    ဗိုလ်ချုပ်အောင်ဆန်းက မြေပေါ်မှာ ဂျပန့်ခေတ် စစ်ဝန်ကြီး လုပ်နေတုံး

    သခင်စိုး၊ သခင်ဗဟိန်း တို့က တော်လှန်ရေးကို သီးခြားပြင်ဆင်ကြတာကို

    နမူနာယူကြပါ

    မြန်မာစကားတခုရှိတယ်

    “သိသာ သိစေ၊ မမြင်စေနဲ့ ” တဲ့။

    NUG ဟာ သူရဲ့ PDF ကလွဲလို့ ကျန်တဲ့ ပျောက်ကြားတပ်တွေအကြောင်း မေးမြန်းတဲ့အခါ

    ဒေသဆိုင်ရာ အရပ်သားအဖွဲ့တွေ အဖြစ်ပဲ ပြောဆိုဖြေကြားရပါမယ်

  3. ပြင်ဆင်ကြရမယ် ဆိုတော့လည်း
    ရန်ကုန်သားတွေက ဘာပြင်ဆင်ရမလဲ ဘယ်လို ပြင်ဆင်ရမလဲဆိုတာ
    တွေးရခက်ကြီးဗျ။
    ဘာလုပ်သင့်တယ်ဆိုတာ သိပေမဲ့
    ဘယ်လိုလုပ်ရမယ် ဆိုတာက
    ရှိသေးသကိုး။

    ရိက္ခာလည်း အများကြီးဝယ်မထားနိုင်တော့ဘူး။ပိုက်ဆံလည်း အဝင်နည်း/မရှိ။ဘယ်ကာလမှာ အဆင်သင့်ဖြစ်နေရမှာလဲ မသိ။
    ခုထဲက ပြင်ထားတော့လည်း စားရင်းနဲ့ကုန်။ ပျော်လို့ယူစားတာမဟုတ်ဘူး။
    ပြင်ထားတဲ့အထဲက ယူစားမှ ဖြစ်တော့မှာမို့ စားကြရတာ။

    ဆေးဝယ်စုတော့လည်း ပါရာစီတမော တကတ်နဲ့ ပရုတ်ဆီတစ်ဘူး ဟန်းနီးပလတ်စ် လေးငါးခုလောက်ပေါ့။
    အိမ်မှာ ဆေးစွဲသောက်ရတဲ့သူ ရှိလို့ကတော့ အဲဒီဆေးဖိုးမီအောင် မနည်းလုံးပန်းနေရတာ။အပိုဝယ်ဖို့ နေနေသာသာ။

    ပြင်နိုင်တာကတော့
    အရေးပေါ်အိတ်။ အဝတ်ကလေး စောင်လေး သယ်နိုင်ရုံ၊ ငွေ လက်ဝတ်လက်စား၊ စာရွက်စာတမ်း၊
    သောက်ရေ၊မုန့်ခြောက်၊ ဓာတ်မီးလောက်ပေါ့။လမ်းမှာလည်း ခူးဆွတ်စားစရာ မရှိတော့ ငတ်မှာပါပဲ။

    ပြေးစရာကတော့ မြေမရှိဘူးဗျို့။
    ခဏ ခွာတာပဲ လုပ်လို့ရမယ်။
    ဒီဘက် ရပ်ကွက်ကပစ်ရင် ဟိုဘက်ရပ်ကွက်ကို ခဏ သွားကပ်နေရမှာပေါ့။
    ကျွန်တော်တို့ရပ်ကွက်တင် လူခြောက်သောင်းကျော်ရှိတယ်။ ဒုတိယ ကမ္ဘာစစ်လို ရွာတွေသွားနေဖို့လည်း မလွယ်ပါဘူး။

    တိုက်ခန်းသမားတွေအတွက် ဗုံးခိုကျင်းကတော့ တူးစရာ မြေမရှိ။ စစ်အတွင်းကလို အများသုံးဗုံးခိုကျင်းကြီးတွေ ကြိုတူးထားဖို့လည်း မဖြစ်နိုင်။ရေမြောင်းထဲ
    ခဏဆင်းနေရုံပါပဲ။

    အုံး ဂျိမ်း ဂွမ်း တွေ တကယ် ဖြစ်လာရင်
    စိန်ခေါ်မှုတွေက ကြောက်ခမန်းလိလိပါ။

    ဒါပေမဲ့
    ရန်ကုန်သားတွေ ဘာမျှော်နေသလဲ။
    အဲဒီ အုံး ဂျိမ်း ဂွမ်း တွေကိုပဲ
    လည်ပင်းရှည်အောင် မျှော်နေတာပါပဲ။

    အသံကျယ်တစ်ချက် ကြားလိုက်ရ ရင်ပဲ
    ဆက်ဖြစ်ဦးမလား တို့လူတွေ လာပြီလားလို့ မျှော်နေကြတာပါ။

    မျှော်နေသူတွေလည်း ကြည့်လိုက်ဦး။
    အိမ်မှာ မသန်စွမ်းသူ ရှိသူတွေ၊သက်ကြီးရွယ်အို ရှိသူတွေ၊ရင်ခွင်ပိုက်ကလေး ရှိသူတွေ၊ကိုယ်တိုင် နာမကျန်းသူတွေ အပါအဝင် ပြည်သူစစ်စစ်တွေ အားလုံးပါပဲ။

    ပြည်သူက ကိုယ့်ကို ထိခိုက်မှာ မကြောက်တော့ဘူး။ ဒင်းတို့ မျိုးမပြုတ်မှာ နိဂုံးမြန်မြန် မချုပ်မှာကို ပိုကြောက်လာပြီ။ ရပ်ကွက်ထဲ လက်နက်ကြီးတွေကျမှာ မစိုးရိမ်တော့ဘူး။မီးခိုးငွေ့တွေ ရှင်းလာချိန် ကိုယ့်လမ်းထိပ်မှာ PDF
    တပ်ဦးအလံကို မြင်သွားချင်တဲ့ သူတွေချည်းပါပဲ။ ကိုယ်မသေခဲ့ရင်ပေါ့လေ။

    ပြောချင်တာက
    ကျွန်တော်တို့ကို သိပ်မညှာပါနဲ့
    မြန်မြန်လာခဲ့ပါ။
    လူ ယိုင်ချင် ယိုင်သွားမယ်။
    နှလုံးသားက ခိုင်ပြီးသားပါ။

    အရေးတော်ပုံ အောင်ရမည်။
    Crd. မင်းရသ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.