အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသ…

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းအမှောင်ချမှုကို ဆန့်ကျင်တွန်းလှန်ကာ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်(Right to know) ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားထုတ်‌ဝေနေသည့် စာစောင်များအားပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး စာစောင်ပါအကြောင်းအရာများသည် စာစောင်ထုတ်ဝေသည့်အဖွဲ့အစည်းနှင့် စာရေးသူများ၏ အာဘော်သာဖြစ်ပါသည်။

▪️ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် ဆီသို့စာစဥ် အထူးထုတ်

တကသကျောင်းသားဟောင်းများ အင်အားစု နှင့် ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ) တို့မှ ပူးပေါင်းထုတ်ဝေသော “ဆီသို့” စာစဉ်အား ယနေ့ မှာကျရောက်သည့် ဆဲဗင်းဂျူလိုင် ၅၉နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယခင်ထုတ်ဝေနေကျပုံစံမျိုးမဟုတ်ဘဲ “ဆဲဗင်းဂျူလိုင်အထူးထုတ်” အဖြစ် ထုတ်ဝေလိုက်ပါသည်။

ယနေ့ ထွက်ရှိသော အထူးထုတ်စာစဉ်တွင်
◾ဆဲဗင်းဂျူလိုင် သမိုင်းမှတ်တမ်းဖြစ်ရပ်ဓာတ်ပုံမျာ
◾ သမိုင်းဝင်ဖြစ်ရပ်များအကြောင်းရေးသားထားသော ဆောင်းပါးများ
◾ နွေဦးတော်လှန်ရေးနှင့်ဆဲဗင်းဂျူလိုင်သုံးသပ်ချက်များ
◾ကျောင်းသားမျိုးဆက်အသီးသီး ၏ ဆဲဗင်းဂျူလိုင် အမှတ်တရပြောကြားချက်များ
◾သမိုင်းဝင်ဓာတ်ပုံများနှင့် အမှတ်တရကဗျာ
များကို စုံလင်စွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ယခုကဲ့သို့ အထူးထုတ်များနှင့် ထပ်မံထွက်ရှိမည့် အတွဲအမှတ်များအား ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိရေး ရန်ကုန်မြို့အတွင်း ဖြန့်ဝေလျက်ရှိသည်။

ကျောင်းသားပြည်သူများအနေဖြင့် အချင်းချင်းပြန်လည်ဖြန့်ဝေခြင်း၊ PDF အား Print ထုတ်၍ ဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။

▪️Ebook Link-
https://tinyurl.com/r8cxnnu8





Like – 4.1K Share – 1453

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.