အာဏာသိမ်းစစ်ကောင်စီက သတင်းမီဒီယာများအား ဖိနှိပ်ချုပ်ချယ်ခြင်း၊ သတင်းမီဒီယာရုံးခန…

အာဏာသိမ်းစစ်ကောင်စီက သတင်းမီဒီယာများအား ဖိနှိပ်ချုပ်ချယ်ခြင်း၊ သတင်းမီဒီယာရုံးခန်းများအား စီးနင်းဝင်ရောက် ဖျက်ဆီးခြင်း၊ သတင်းထောက်များနှင့် သတင်းအယ်ဒီတာများအား ဖမ်းဆီးထောင်ချခြင်း၊ MRTV, MWD စသည့် ရုပ်သံများမှ သတင်းတု၊ သတင်းယောင်များဖန်တီးထုတ်လွှင့်ခြင်း စသည့် ပြည်သူလူထု၏သတင်းသိပိုင်ခွင့်(Right to Know) ကို ထိပါးစော်ကားသည့် လုပ်ရပ်များ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့် ကာလအတွင်း ပြည်သူလူထုထံသို့ သတင်းအချက်အလက်အမှန်များ နေ့စဉ်ပုံမှန်ရောက်ရှိနေရေးအတွက် အခက်အခဲများကြားမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ပေးနေကြသည့် သတင်းမီဒီယာသမားများနှင့် လူထုသတင်းသမား(Citizen Journalist) များအားလုံးကို PVTV အဖွဲ့သားများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထို့အပြင် အင်တာနက်မရရှိသော၊ ရုပ်သံလိုင်းများ မကြည့်ရှုနိုင်သော ဒေသများရှိ မိဘပြည်သူများ သတင်းပြတ်တောက်မှု မရှိစေရန် သတင်းစာစောင်များရိုက်နှိပ်ထုတ်ဝေပေးလျက်ရှိသည်ကို တွေ့ရသည့်အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

မှန်ကန်သော ဆုံးဖြတ်ချက်များချနိုင်ရန်အတွက် မှန်ကန်သောသတင်းအချက်အလက်များ ရရှိရေးမှာ လွန်စွာမှ အရေးကြီးသည်ဖြစ်ရာ ပြည်သူလူထုထံ သတင်းမှန်ပေးပို့ပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေကြသူများအားလုံးသည် နွေဦးတော်လှန်ရေး၏ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေကြသူများဖြစ်ကြောင်း အသိအမှတ်ပြုဂုဏ်ပြုအပ်ပါသည်။

ပြည်သူလူထုတစ်ယောက်ချင်းစီအနေနှင့်လဲ ဖော်ပြပါ သတင်းစာစောင်များကို တစ်ပိုင်တစ်နိုင် ထုတ်ဝေဖြန့်ချိပေးခြင်းဖြင့် ပြည်သူလူထု၏နားမျက်စိကို တတ်စွမ်းသရွေ့ဖွင့်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အဆိုပါစာစောင်များကိုလဲ PVTV က အလျဉ်းသင့်သလို မျှဝေပေးသွားမည်ဖြစ်ပါသည်။

#SpringRevolution
#PVTVmyanmar





Like – 9.3K Share – 1081

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.